ထောင်ဒဏ်သုံးနှစ်ချမှတ်ခံလိုက်ရတဲ့ သမီးကြီးခမျာ ထောင်ထဲမှာပဲ ကိုဗစ်ကူးစက်ခံရလို့ အရမ်းစိတ်မကောင်းဖြစ်နေရတဲ့ ဖခင်တစ်ဦးရဲ့ခံစားချက်

//s9.kh1.co/56/56540b666836fa1b899080a05e1e5c7421840769.jpeg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံလိုက်ရတဲ့ သမီးကြီးခမျာ ထောင်ထဲမှာပဲ ကိုဗစ်ကူးစက်ခံရလို့ အရမ်းစိတ်မကောင်းဖြစ်နေရတဲ့ ဖခင်တစ်ဦးရဲ့ခံစားချက်

လက်ရှိပြည်တွင်းရေးအခြေအနေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ပြည်သူတချို့ကတော့ ယခုအချိန်ထိတိုင် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ အမှုကိုဆက်လက် ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့တချို့ပြည်သူတွေကိုထောင်ဒဏ်၊သေဒဏ် စသဖြင့် အမိန့်တွေချမှတ်လိုက်ပြီဖြစ်ပါတယ်။မိုးကုတ်မြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးရဲ့ဇနီး၊သမီးကြီး၊သမီးငယ်လေးတို့လည်း လွန်ခဲ့တဲ့လပိုင်းက ဖမ်းဆီးခံခဲ့ရပါတယ်။သမီးငယ်လေးကတော့ (၅)နှစ်အရွယ်ပဲရှိသေးတာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Photo credit:Original Uploder
Photo credit:Original Uploder
Photo credit:Original Uploder
Photo credit:Original Uploder

သို့သော်လည်း ထောင်ထဲမှာကျန်နေခဲ့တဲ့ သားအမိနှစ်ယောက်လုံးက ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံလိုက်ရပြီဖြစ်ပါတယ်။အခုဆိုရင်လည်း ထောင်ထဲမှာ ဒုက္ခတွေကြုံတွေ့နေရတဲ့ သမီးကြီးခမျာ ကိုဗစ်ကူးစက်ခံလိုက်ရလို့ ဖခင်အနေနဲ့ အရမ်းစိတ်ပူနေတာဖြစ်ပါတယ်။မိုးကုတ်အကျဉ်းထောင်အတွင်းမှာလည်း လိုအပ်တဲ့ဆေးဝါးတွေမရှိဘူးလို့သိရပါတယ်။ဖခင်ဖြစ်သူကလည်း သမီးကြီးရဲ့ဝေဒနာတွေကို မျှဝေခံစားပေးလို့မရတဲ့အခြေအနေဖြစ်ပါတယ်။

Photo credit:Original Uploder
Photo credit:Original Uploder

ဒါ့ကြောင့် ဖခင်ဖြစ်သူက “သမီးကြီးရေ မသေသေးခင်နောက်ဆုံးထွက်သက်အထိ အာဏာရှင်ကို ဆန့်ကျင်ခဲ့ပါ၊သမီးတို့မျိုးဆက်ကို အဖေက အလေးပြုပါတယ် သမီးကြီးရေ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။သူ့ရဲ့ဇနီးနဲ့သမီးကတော့ ထောင်ထဲရောက်နေပေမယ့်လည်း စိတ်ဓာတ်ကြံ့ခိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ဒါ့ကြောင့် ကိုဗစ်ရောဂါဝေဒနာလည်း အမြန်ဆုံးပျောက်ကင်းပါစေလို့ ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit:Original Uploder
Photo credit:Original Uploder
Photo credit:Original Uploder
Photo credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T