လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေကတော့ တစ်နေ့တခြား ကူးစက်မှုနှုန်း များလာခဲ့သလို သေဆုံးသူအရေအတွက်ကလည်း စံချိန်တင်လောက်အောင် မြင့်တက်လာတာ တွေ့ရပါတယ်။ ဒီလိုကူးစက်မှုတွေနဲ့ သေဆုံးသူတွေ များလာပေမယ့်လည်း အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကိုဗစ်စင်တာတွေအပြင် ကူညီပေးမယ့် ဆရာဝန်တွေများ ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘော်လန်တီရာတွေအပြင် ဆေးဝါးအလှူရှင်တွေ မရှိတာကြောင့် ယခုကိုဗစ်တတိယလှိုင်းမှာ ပြည်သူတွေဟာ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရရှာပါတယ်။
လက်ရှိမှာ ဆေးရုံးကြီးတွေမှာတောင် ကိုဗစ်လူနာတွေကို လုံလုံလောက်လောက် ကုသမပေးနိုင်တာကြောင့် နေအိမ်တွေမှာပဲ တတ်နိုင်သလောက်ကုသနေကြရပါတယ်။ ဒီလို ဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး ကူညီစောင့်ရှောက်ပေးခဲ့ဖူးတဲ့ ရန်ကုန်မြို့က အင်းယားစင်တာကြီးက ပြန်လည်ဖွင့်လှစ်တော့မယ်လို့လည်း ကြားသိရပါတယ်။ ယခုမှာတော့ အင်းယားစင်တာက ကိုဗစ်ဒုတိယလှိုင်းက အတူလက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းကို ပြန်လည်ကူညီပေးဖို့ မေတ္တာရပ်ခံတောင်းဆိုလာခဲ့ပါတယ်။
အင်းယားစင်တာဟာ ဒုတိယလှိုင်းက ကိုဗစ်ကူးစက်ခံထားသူပေါင်း (၅၀၀၀)နီးလောက်ကို ကုသပေးနိုင်ခဲ့ပြီး ဆရာဝန် ၊ သူနာပြု ၊ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်း အများအပြား ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။ ယခုမှာ နိုင်ငံရေးအခြေအနေဖြစ်ပေါ်နေတဲ့ ကြားကနေ ပြည်သူတွေဟာ ကိုဗစ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားလာတာကြောင့် ကျန်းမာရေးစောင့်ရှောက်ပေးမယ့် အင်းယားစင်တာကြီးကို ပြန်လည်ဖွင့်လှစ်ဖို့ စေတနာ့ဝန်ထမ်းဟောင်းများအား ကူညီတောင်းခံလာတာ ဖြစ်ပါတယ်။ အင်းယားစင်တာရဲ့ စေတနာ့ဝန်ထမ်းဟောင်းများအာ ပြန်လည်လုပ်ကိုင်ပေးဖို့ တောင်းဆိုလာတာလေးကို ပရိသတ်တွေသိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Inya Center fb page