စာနာစိတ်နဲ့ အောက်ဆီဂျင်အိုးတွေ ဌားပေးလိုက်ပေမယ့် အထက်စီး ဆန်ဆန် အတ္တကြီးတဲ့ လူတစ်စုကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/7a/7a085015e05abf4af2e2db1cdc66ebf1d7a2ae3d.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..,,,

ကိုဗစ်လူနာတွေ များပြားလာတာနဲ့ အမျှ အောက်ဆီဂျင် လိုအပ်နေတဲ့  လူနာတွေလည်း နေ့ရော ညရော မနည်းပါဘူး ။ ဒီလို အခြေအနေတွေမှာ အောက်ဆီဂျင်မလုံလောက်တဲ့ ပြဿနာတွေလည်း ရင်ဆိုင်နေရပါတယ် ။ အောက်ဆီဂျင် ဖြည့်ပေးတဲ့ နေရာတွေကလည်း ပိတ်ခံထားရတာတွေ ရှိတာကြောင့် ရတဲ့နေရာတွေမှာဆို နေ့နေ့ညည မိုးရွာထဲ တန်းစီးနေကြတဲ့ ပြည်သူများရဲ့ မြင်ကွင်းတွေကလည်း စိတ်မကောင်းစရာပါ ။ 

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒါ့ကြောင့်လည်း ခုဆို အလှူရှင်တွေ များစွာက အောက်ဆီဂျင်အိုးတွေကို အတတ်နိုင်ဆုံး လှူဒါန်းပေးလျက် ရှိပါတယ် ။ တစ်ချို့ကလည်း မိမိမှာ ရှိတဲ့ အောက်ဆီဂျင်အိုးတွေကို ခဏငှားရမ်းပေးကြတာတွေလည်း တွေ့ရပါတယ် ။ ဒီလို လူသားချင်း စာနာစိတ်နဲ ငှားပေးကြပေမယ့် တစ်ချို့တွေက ပြန်လာအပ်ရင် ပစ္စည်းစုံစုံလင်လင် ပြန်မပါလာတာတွေ ၊ ယူထားတာမျိုးတွေ ၊ သိတတ်မှုမရှိတဲ့ လုပ်ရပ်တွေ လုပ်လာတာကြောင့်  အဆင်မပြေမှုတွေ များစွာကြုံတွေ့နေရကြောင်း ရင်ဖွင့်လာတဲ့ ပြည်သူတစ်ဦးရဲ့ ပိုစ့်လေးတစ်ခု ပျံ့နှံ့ခဲ့ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

သူ့အနေနဲ့ နောက်တစ်ခါ ကူညီဖို့တောင် အတော်လေး ကြောက်နေပြီ ဖြစ်ကြောင်းကို " နောက်ဆိုအောက်စီဂျင်အိုးတွေကိုအပြင်မှာရင်းနှီးတဲ့သူခင်တဲ့သူမဟုတ်ရင် မငှါးပေးမကူပေးတော့ဘူးဗျာဘယ်လောက်ဖြစ်နေနေ…ကိုယ်ပေးလိုက်တုန်းက O2ဖြည့်ပြီးသားအိုးကို FlowMeter အသစ် ၊ Adjustorခေါင်း , ဂွ , အသက်ရှုပိုက် အစုံအလင် ….လူနာသက်သာလို့ပြန်အပ်တော့ Flowmeter မပါလာတော့တာနဲ့ ၊ ပျက်သွားရတာနဲ့ ယူထားရတာနဲ့ ။ ခေါင်းပျောက်သွားတာနဲ့ ဂွပျောက်သွားတာနဲ့  …. အဆင့်သင့်ရှုရုံလေး လာကူညီပေးထားတာဗျာနည်းနည်းတော့သိတတ်ကြပေါ့….ကိုယ်ကပြောတော့ ဘယ်လောက်ကျလဲပြန်ဝယ်လို့ရတယ်မလား ပိုက်ဆံပဲပြန် လျော်လိုက်တော့မယ်လေတဲ့ ။ တစ်ပြားမှမပေးနဲ့ နောက်လည်းအကူညီလာမတောင်းနဲ့လို့ပြောခဲ့တယ် ။ခင်ဗျားတို့အရမ်းလူပါးဝတယ်ဗျာ … လူ့အတ္တတွေ " ရင်ဖွင့်ပြောကြားထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T