PPE ဝတ်စုံဝတ်ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို သယ်ပေးနေတဲ့အပြင် သက်ပျောက်ကုသိုလ်ပါလုပ်ပေးခဲ့တဲ့ ပရဟိတဆရာတော်တစ်ပါး

//s9.kh1.co/4b/4b827b26e5a7ebe77d5c5cbb47ef5163f9e5da8a.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော လူမှုကွန်ယက်တွေမှာ ပြည်သူတွေအများအပြား လေးစားဂုဏ်ပြုနေကြတဲ့ ပရဟိတ ဆရာတော်တစ်ပါးကို အားလုံးသိကြမယ်လို့ထင်ပါတယ်။ ဆရာတော်ရဲ့ ဘွဲ့အမည်ကတော့ ဦးသုစရိတဖြစ်ပြီး လတ်တလော တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ ရောဂါကြောင့် သေဆုံးနေရတဲ့ ရုပ်အလောင်းတွေကို သယ်ယူပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိ ဆရာတော် ဦးသုစရိတဟာ ကန်ဦးလူမှုကူညီရေးအသင်းမှာ ပရဟိတအလုပ်ကို ကိုယ်တိုင်လုပ်ကိုင်ပေးတယ်လို့ သိရပါတယ်။

Photo Credit - ဦးသုစရိတ fb account
Photo Credit - ဦးသုစရိတ fb account
Photo Credit - ဦးသုစရိတ fb account
Photo Credit - ဦးသုစရိတ fb account

ဆရာတော်ဦးသုစရိတဟာ ယခင်ကတည်းက ပညာရေးနဲ့ လူမှုရေးတွေကို စွမ်းစွမ်းတမံ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သာသနာ့အကျိုးကို ထမ်းဆောင်နေရတဲ့ ဘုရားသားတော်တစ်ပါးဖြစ်ပေမယ့်လည်း ကပ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ပြည်သူတွေအတွက် ကူညီလုပ်ကိုင်ပေးလာခဲ့ပါတယ်။ ယနေ့မှာလည်း ပြည်သူတွေအတွက် ကူညီလုပ်ကိုင်ပေးခဲ့တာလေးကို ဆရာတော်က လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit - ဦးသုစရိတ fb account
Photo Credit - ဦးသုစရိတ fb account
Photo Credit - ဦးသုစရိတ fb account
Photo Credit - ဦးသုစရိတ fb account

ဒါ့ကတော့ ဆရာတော် ဦးသုစရိတဟာ PPE ဝတ်စုံကိုဝတ်ပြီး ကိုဗစ်ရောဂါဖြင့် သေဆုံးသွားခဲ့တဲ့ ရုပ်အလောင်းကို သွားရောက်သယ်ယူရင်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ အယူအရ သေသူအားရည် မှန်းပြီး သက်ပျောက်ကုသိုလ် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အသက်အန္တာရယ်ရှိနိုင်တဲ့ အခြေအနေတွေမှာ ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးတဲ့ ဆရာတော် ဦးသုစရိတကို ပြည်သူတွေက လေးစားဂုဏ်ယူပြီး ဆုတောင်းပေးလာခဲ့တာ တွေ့မြင်ရပါတယ်။ သာသနာ့အကျိုးကို ထမ်းဆောင်ရင်း ပရဟိတအလုပ်တွေ လုပ်ကိုင်ပေးနေတဲ့ ဆရာတော်ဦးသုစရိတအတွက် သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးရင်း ဆရာတော်ရဲ့ လေးစားစရာလုပ်ရက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - ဦးသုစရိတ fb account
Photo Credit - ဦးသုစရိတ fb account
Photo Credit - ဦးသုစရိတ fb account
Photo Credit - ဦးသုစရိတ fb account

သတင်း အရင်းအမြစ်Source - ဦးသုစရိတ fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T