အောက်ဆီဂျင်တွေ ထိုးကျနေတဲ့ အဖွားကို မရမက ကယ်တင်ခဲ့ပေမယ့် လက်ပေါ်မှာတင် ကွယ်လွန်သွားလို့ စိတ်မကောင်းဖြစ်နေတဲ့ လူငယ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/34/3498052736969ac878049d265d362ff95d5d3b75.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.......

ဒီရက်ပိုင်းမှာတော့ မကြားချင်ဘဲ ကြားနေ မြင်နေရတဲ့ ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှု သတင်းတွေ ကတော့ လူမှုကွန်ရက် စာမျက်နှာမှာ အပြည့်ပါပဲ ။ မစည်းကားသင့်တဲ့ နေရာတွေမှာ စည်ကားနေတာလည်း ရင်နင့်စရာ မြင်ကွင်းတွေပါ ။ ကိုဗစ်ရောဂါ ကူးစက် ခံနေရသူတွေကလည်း တစ်နေ့ထက် တစ်နေ့ ပိုပို များပြားလာလျက်ရှိရာ အောက်ဆီဂျင်တွေလည်း မလုံလောက်တော့လို့ အတော်လေး အခက်တွေ့ပြီး သေဆုံးနေကြတာကို တွေ့ရပါတယ်  ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ကုသဖို့ ဆေးရုံတွေကလည်း လက်မခံတာကြောင့် အိမ်မှာ ကုသရင်း တစ်ခုခုဆို ဘေးပတ်ဝန်းကျင်တွေရဲ့ အကူအညီတွေနဲ့ အဆင်ပြေသလို ဖြတ်သန်းနေကြရတဲ့ မိသားစုတွေ မနည်းပါဘူး ။ မနေ့ကဆိုရင်လည်း သားအမိနှစ်ယောက်ထဲရှိရာ အသက်ကြီးပိုင်း အဖွားတစ်ဦး အောက်ဆီဂျင်တွေ ထိုးကျနေတာကြောင့် အနီးနားက လူငယ်လေးတစ်ဦးက အပြေးအလွှား ကူညီမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ပို့စ်လေးတစ်ခု တွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဆေးရုံကားမလာသေးတာကြောင့် အဖွားအသက်ရှူနိုင်အောင် အစွမ်းကုန်ဆောင်ရွက်ပေးနေတာကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါ ။ အဖွားကလည်း အသက်ရှူမရတော့လို့ "သားရေကယ်ပါအူး" ပြောနေတာ ကြည့်ပြီး မျက်ရည်ဝဲမိတာ အမှန်ပါပဲ ။ အောက်ဆီဂျင်ရှိတဲ့နေရာကို အမှီသွားပေမယ့်လည်း အဖွားခမျာ ရောက်ခါနီးမှ လူငယ်လေးလက်ပေါ်မှာတင် ကွယ်လွန်သွားခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် အဖွားရဲ့ စိတ်မကောင်းစရာ သတင်းလေးကို ပြန်လည်ဖော်ပြပေးရင်း သက်ကြီးရွယ်အို များရှိပါက ရောဂါမကူးစက်အောင် အထူးဂရုစိုက် ဆင်ခြင်နေဖို့ တိုက်တွန်းလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T