လူ့အသက်တွေကို ကယ်တင်ပေးဖို့အတွက် မေတ္တာတရားအပြည့်နဲ့ နေ့မနား၊ညမနား အားသွန်ခွန်စိုက် ကူညီပေးနေကြတဲ့ အစ္စလာမ်ဘာသာဝင်များ

//s9.kh1.co/78/78fcf2d9dbf1ac16f192046333f12c1242672dcc.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လူ့အသက်တွေကို ကယ်တင်ပေးဖို့အတွက် မေတ္တာတရားအပြည့်နဲ့ နေ့မနား၊ညမနား အားသွန်ခွန်စိုက် ကူညီပေးနေကြတဲ့ အစ္စလာမ်ဘာသာဝင်များ

လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေလည်း အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခအကြပ်အတည်းတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ပြည်သူတွေက အချင်းချင်းဖေးမကူညီကြပြီး အခက်အခဲတွေကိုလည်း မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။လက်ရှိမှာ အစ္စလာမ်ဘာသာဝင် ညီအစ်ကိုမောင်နှမတွေကလည်းပြည်သူတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။အစ္စလာမ်ဘာသာဝင်တွေကလည်းကုသိုလ်ရေးဆိုလက်မနှေးတတ်ဘဲ စိတ်ထားပြည့်ဝကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အောက်ဆီဂျင်ပြတ်လပ်မှုနဲ့ကြုံတွေ့နေရတဲ့ ကိုဗစ်လူနာတွေအတွက်လည်း နွယ်အေးဗလီက တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။အစ္စလာမ်ဘာသာဝင်တွေက တစ်မြေတည်းနေ၊တစ်ရေတည်းသောက်တဲ့ ပြည်သူတွေရဲ့ ဝမ်းရေးကိုလည်း နေ့မနား၊ညမနား ကူညီဖြည့်ဆည်းပေးခဲ့ကြတာဖြစ်ပါတယ်။ကိုဗစ် ပထမလှိုင်း၊ဒုတိယလှိုင်းကတည်းက ကူညီပေးခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ညီအစ်ကိုမောင်နှမတွေက တတိယလှိုင်းမှာလည်း ပြည်သူတွေအတွက် အဆင်သင့်ရှိပေးခဲ့ကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နွယ်အေးဗလီကလည်း ကိုဗစ်လူနာတွေရဲ့ အသက်ကိုကယ်တင်ပေးဖို့အတွက် စေတနာ၊မေတ္တာတရားအပြည့်နဲ့အောက်ဆီဂျင်တွေကို လှူဒါန်းပေးတာဖြစ်ပါတယ်။ဒီလိုအချိန်မှာ ပြည်သူတွေအားလုံးက တညီတညွှတ်တည်းရှိကြပြီး ဘာသာရေးလည်းမခွဲခြားဘဲ အရေးကြုံလာရင်ကူညီပေးကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ကိုယ်ချင်းစာစိတ်ထားပြီး ပြည်သူတွေကို တစ်တပ်တစ်အား ကူညီပေးနေတဲ့ နွယ်အေးဗလီရဲ့ပုံရိပ်တွေကို ကျေးဇူးတင်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T