သာသနာ့အကျိုးကို စိတ်တူကိုယ်တူ သယ်ပိုးထမ်းဆောင်ခဲ့တဲ့ ဆရာတပည့်နှစ်ဦးရဲ့ ရင်နစ်ကြေကွဲစရာ နောက်ဆုံးလမ်းခွဲခဲ့ရတဲ့ ဖြစ်ရပ်လေး

//s9.kh1.co/eb/eb8d9d2476fd2fdb1d9ba2215a18e6f28d7d92c6.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါကြောင့် ချစ်ရတဲ့သူတွေ မျက်စိအောက်မှာပဲ ခွဲခွာသွားခဲ့ရတာကိုလည်း နေ့စဥ်အမျှတွေ့မြင်ခဲ့ရပါတယ်။ ယခုမှာလည်း ဇူလိုင်လ(၁၉)ရက်နေ့ မနက်ပိုင်းလောက်က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ ဘုန်းကြီးလမ်း ၊အာသာဝတီတိုက် ပဏ္ဍိစ္စာရာမကျောင်းတိုက်မှာ သာသနာ့အကျိုးကိုသယ်ပိုး ထမ်းဆောင်နေတဲ့ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဏ္ဍိစ္စဟာ ကိုဗစ်ရောဂါဖြစ် ဘဝနတ်ထံပျံလွန်တော်မူခဲ့တာကို စိတ်မကောင်းစွာ ကြားသိရပါတယ်။

Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်
Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်
Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်
Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်

ဆရာတော် ဘုရားကြီးဟာ စိတ်သဘောထား ကောင်းမွန်ပြီး သာသနာအရေးကိစ္စတွေကို ရှေ့ဆုံးကနေ မားမားမတ်မတ် ဦးဆောင်နိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် ဒကာဒကာမတွေအလွန်း ကြည်ညိုပြီး အားကိုးအားထားရတဲ့ ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ ယခုမှာတော့ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါဆိုးကြီးကြောင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်
Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်
Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်
Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်

ပိုပြီးစိတ်မကောင်းစရာကတော့ ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ ဆရာတော်ဘုရားကြီးအား တပည့်ဖြစ်သူက အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ နောက်ဆုံးအချိန်လေးကို လာရောက်ဖူးမြော်ခဲ့တဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ စိတ်တူကိုယ်တူ သာသနာပြုခရီး ဟန်ချက်ညီအောင် သယ်ပိုးထမ်းဆောင်ခဲ့တဲ့ ဆရာတပည့် နှစ်ဦးတို့ရဲ့ ရင်နစ်ကြေကွဲစရာ နောက်ဆုံးလမ်းခွဲခြင်း မြင်ကွင်းကတော့ မြင်ရသူတွေအဖို့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။သာသနာအရေးကိစ္စတွေကို ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်ခဲ့တဲ့ ဆရာတော်ဘုရားကြီးအား ဖူးမြော်ရင်း ဆရာတပည့်နှစ်ဦးရဲ့ နောက်ဆုံးခွားသွားခဲ့တဲ့ ပုံရိပ်လေးတွေကို စိတ်မကောင်းစွာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်
Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်
Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်
Photo Credit - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်

သတင်း အရင်းအမြစ်Source - ဇယန်းဟိုနမ့်ကျောင်းတိုက် ဆရာတော်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T