လမ်းသွားရင်း အသက်ရှုကြပ်လွန်းလို့ မြေကြီးပေါ်လူးလိမ့်နေရှာတဲ့ ပြည်သူတစ်ဦးရဲ့ စိတ်မကောင်းစရာဗီဒီယိုဖိုင်

//s9.kh1.co/b0/b0611e02f72e93a2b6d41c4959c0e087c695c7f4.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

တတိယလှိုင်းအဖြစ် လက်ရှိမြန်မာပြည်မှာ ပြန့်ပွားကူးစက်နေတဲ့ Covid 19 ရောဂါဆိုးကြီးရဲ့ ဖိစီးနှိပ်စက်မှုဒဏ်တွေကို ပြည်သူတွေမှာ အလူးအလဲ ခံစားနေကြရပါတယ်..။

​နိုင်ငံနဲ့တဝှမ်းဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး အောက်ဆီဂျင်ပြတ်လပ်မှုတွေအပြင် ဆေးရုံတွေကလည်း လက်ခံကုသမှုမပေးနိုင်တာတွေကြောင့် အများအပြားကတော့ နေအိမ်တွေမှာ သေဆုံးနေကြရတာပါ..။

Photo Credit - Hninpwintletyar's Fb Acc
Photo Credit - Hninpwintletyar's Fb Acc

အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်ရောဂါဆိုးကြောင့် အခုတစ်ခါမှာလည်း ပြည်သူတစ်ဦး လမ်းသွားရင်း အသက်ရှုကြပ်ကာ လဲကျနေခဲ့တဲ့အတွက် ပရဟိတလူမှုကယ်ဆယ်ရေးအသင်းက ကူညီပေးခဲ့ရတာ တွေ့ရပါတယ်..။

​အမျိုးသမီးတစ်ဦးဟာ ဇူလိုင်လ(၁၇)ရက်နေ့ နေ့လည်(၁)နာရီကျော် အချိန်လောက်မှာ လမ်းသွားရင်း အသက်ရှုကြပ်လွန်းလို့ မြေကြီးပေါ်လူးလိမ့်ကာ ဝေဒနာကိုအလူးအလဲခံစားနေရရှာတာ ဖြစ်ပါတယ်..။

Photo Credit - Hninpwintletyar's Fb Acc
Photo Credit - Hninpwintletyar's Fb Acc
Photo Credit - Hninpwintletyar's Fb Acc
Photo Credit - Hninpwintletyar's Fb Acc

အဆိုပါလူနာအမျိုးသမီးကို အမရပူရမြို့ ရွှေတမာမေတ္တာ၊ အမရမေတ္တာ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးပရဟိတအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်..။

အခုလိုအချိန်မှာ လူနာတွေကို ထိတွေ့ကိုင်တွယ်ပြီး အစစအရာရာကူညီလုပ်ဆောင်ပေးနေကြတဲ့ စေတနာရှင်ပရဟိတအသင်းသားတွေကိုလည်း ပြည်သူတွေက ကျေးဇူးတင် လေးစားချီးကျူးနေကြရတာလည်း ဖြစ်ပါတယ်..။

Photo Credit - Hninpwintletyar's Fb Acc
Photo Credit - Hninpwintletyar's Fb Acc

သတင်း အရင်းအမြစ်Hninpwintletyar's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T