၁၉၈၉ခုနှစ်၊ဇူလိုင်လ (၁၉)ရက်နေ့မှာ ခင်ပွန်းသည်ဗိုလ်ချုပ်ကို သမီးငယ်၊မြေးတို့နဲ့အတူ နောက်ဆုံးဂါရဝလာပြုခဲ့တဲ့ ဒေါ်ခင်ကြည်ရဲ့ပုံရိပ်

//s9.kh1.co/6e/6e903d71b7ebbe2de05e779d655413ba7828b831.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

၁၉၈၉ခုနှစ်၊ဇူလိုင်လ (၁၉)ရက်နေ့မှာ ခင်ပွန်းသည်ဗိုလ်ချုပ်ကို သမီးငယ်၊မြေးတို့နဲ့အတူ နောက်ဆုံးဂါရဝလာပြုခဲ့တဲ့ ဒေါ်ခင်ကြည်ရဲ့ပုံရိပ်

ယနေ့ ဇူလိုင်လ (၁၉)ရက်နေ့ကတော့ (၇၄)နှစ်မြောက်အာဇာနည်နေ့ပဲဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေကလည်း နှစ်တွေကြာညောင်းသွားပေမယ့် လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း (၇၄)နှစ်မြောက်အာဇာနည်နေ့ဖြစ်လို့ ပြည်သူတွေက ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့  နံနက်(၁၀:၃၇)မှာ အိမ်ရှေ့ထွက်အလေးပြုကြပြီး လမ်းပေါ်ရောက်နေကြတဲ့ ကား၊ဆိုင်ကယ်တို့ကလည်း ဟွန်းတီးကြတာဖြစ်ပါတယ်။

Photo from google 
Photo from google 
Photo from google 
Photo from google 
Photo from google 
Photo from google 

ဇူလိုင်လ (၁၉)ရက်၊၁၉၄၇ ခုနှစ် နှစ်ဝက်ကျိုးတဲ့အချိန်မှာတော့ ဗိုလ်ချုပ်ကြိုးပမ်းဆောင်ရွက်နေတဲ့ လွတ်လပ်ရေးကို ရရှိတော့မယ့် အခြေအနေကိုရောက်လာခဲ့ပါတယ်။ဒါ့ကြောင့် ဗိုလ်ချုပ်က သူ့ရဲ့ဝန်ကြီးအဖွဲ့နဲ့ မြန်မာနိုင်ငံအတွက် တိုင်ပင်ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီလို အစည်းအဝေးပြုလုပ်နေချိန်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ သခင်မြ၊ဦးဘဝင်း၊ဒီးဒုတ်ဦးဘချို၊မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ဦးရာဇာတ်၊မန်းဘခိုင်၊ဦးအုန်းမောင်၊ရဲဘော်ကိုထွေးတို့ ၁၉၄၇ခုနှစ်၊ဇူလိုင်လ(၁၉)ရက်၊၁၀နာရီ ၃၇မိနစ်တွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။

Photo from google 
Photo from google 
Photo from google 
Photo from google 

အာဇာနည်ကိုးဦး လုပ်ကြံခံရပြီးနောက် ၁၉၄၈ခုနှစ်၊ဇန်နဝါရီ(၄)ရက်နေ့မှာတော့ ဘုရင်ခံချုပ် ဆာဟူးဘတ်ရန့်ကမြန်မာပြည်ကို လွတ်လပ်ရေးပေးခဲ့တာဖြစ်ပါတယ်။အာဇာနည်ကိုးဦးရဲ့စျာပနကိုလည်း ပြည်သူတွေအကုန်လုံးကလိုက်ပါပို့ဆောင်ပေးပြီး ဝမ်းနည်းနေခဲ့ကြတာဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်က သမီးငယ်အောင်ဆန်းစုကြည်ကို ချီပြီး ခင်ပွန်းရဲ့နောက်ဆုံးခရီးကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒေါ်ခင်ကြည်က ၁၉၈၉ခုနှစ်၊ဇူလိုင်လ (၁၉)ရက်နေ့မှာ ခင်ပွန်းသည်ကို နောက်ဆုံးဂါရဝပြုခဲ့တာဖြစ်ပါတယ်။(၇၄)နှစ်မြောက် အာဇာနည်နေ့ကို အလေးပြုရင်း ဗိုလ်ချုပ်ရဲ့ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo from google 
Photo from google 
Photo from google 
Photo from google 
Photo from google 
Photo from google 

Photo From Google

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T