အဝါရောင် သင်္ကေတကိုပြသလာခဲ့ပြီး စားသောက်ရေးအတွက် အကူအညီတောင်းခံလာတဲ့ မိသားစုကို ကူညီပေးခဲ့ကြတဲ့ ပြည်သူများ

//s9.kh1.co/c1/c1ad69e0268bde5c5a334b951cb9812c5e1275be.jpg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ မိသားစုတချို့ကတော့ တစ်အိမ်လုံး နေမကောင်းဖြစ်ကြတာတွေရှိပြီး အပြင်မထွက်နိုင်တဲ့အတွက် စားသောက်စရာတွေနဲ့ ဆေးဝါးတွေ ဝယ်ယူမှုတောင် အခက်အခဲဖြစ်နေကြရတဲ့ အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒီလိုအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက်ရည်ရွယ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အဝါရောင်သင်္ကေတ ကမ်ပိန်းလေးကို ပြုလုပ်ကြဖို့ ပြည်သူတွေအချင်းချင်းပဲ တိုက်တွန်းထားတာ တွေ့မြင်ခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီအဝါရောင်သင်္ကေတရဲ့ သဘောကတော့ အိမ်ရှိလူအကုန် နေမကောင်းဖြစ်ရင် ဈေးဝယ်ဖို့နဲ့ စားရေးသောက်ရေး အခက်အခဲဖြစ်သွားခဲ့ရင် ပတ်ဝန်းကျင်က အကူအညီပေးနိုင်ရန်အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ အဲ့လို အဝါရောင်သင်္ကေတ ကမ်ပိန်းလေးကို ပြည်သူတွေအချင်းချင်းက ပြုလုပ်ခိုင်းခဲ့ပြီးနောက်မှာ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဥက္ကလာ (၁၁)ရပ်ကွက်၊ ရာဇသကြန်(၅)လမ်းက အိမ်တစ်အိမ်မှ အဝါရောင်သင်္ကေတကို စတင်ပြီး အသုံးပြုလာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အဆိုပါ အိမ်မှာတော့ လသားအရွယ် ကလေးငယ်လေးကအစ မိသားစုလေးယောက်လုံး နေမကောင်းဖြစ်နေတဲ့အတွက် အစားအသောက် အကူအညီလိုအပ်လာတာကြောင့် အဝါရောင်သင်္ကေတကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ယင်းနောက် အနီးအနားက ပြည်သူတွေကတော့ အကူအညီတောင်းခံလာတဲ့ အဆိုပါမိသားစုလေးအတွက် စားစရာများ သွားရောက်ပို့ဆောင်ခဲ့ပြီး ကူညီပေးခဲ့ကြတယ်လို့သိရပါတယ်။ ပရိသတ်တွေလည်း ကိုယ့်အနီးအနားက အဝါရောင်သင်္ကေတလေးတွေနဲ့ အကူအညီတောင်းလာခဲ့ရင်လည်း ကူညီပေးကြပါလို့ မေတ္တာရပ်ခံရင်း ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T