ဒီမိုကရေစီပြန်ရဖို့ ဆန္ဒပြလှုပ်ရှားနေကြတဲ့ ထိုင်းပြည်သူတွေကို အာဏာပိုင်တွေက အားပြင်းတဲ့ ရေပိုက်တွေအသုံးပြုပြီး ဖြိုခွင်းခဲ့တဲ့ ဗီဒီယို

//s9.kh1.co/35/35156116702b083a6498ca888a0caef61459ad5a.jpg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ်လောက်ကတည်းက ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ ဝန်ကြီးချုပ် ယင်လတ်ရင်နာဝပ် ဦးဆောင်တဲ့ ဖူအာ့ထိုင်းပါတီ အစိုးရကို ဖြုတ်ချပြီး ထိုင်းစစ်တပ်က အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။ ဖူအာ့ထိုင်းပါတီဟာ အာဏာမသိမ်းခံရခင်က မြန်မာနိုင်ငံက NLD ပါတီကြီးတစ်ခုလို ပြည်သူတွေကြားမှာ ရေပန်းစားခဲ့တဲ့ ပါတီတစ်ခုပဲဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာလည်း တရားမျှတတဲ့ ဒီမိုကရေစီကို ပြန်လည်ရရှိဖို့အတွက် ထိုင်းပြည်သူတွေကတော့ နည်းမျိုးစုံဖြင့် လူထုဆန္ဒပြပွဲကြီးတွေကို တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက လက်ရှိကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံနီးတူ ထိုင်းပြည်သူတွေနဲ့ အာဏာသိမ်းစစ်တပ်တို့အကြား လပေါင်းကြာရှည်စွာ အဓိကရုဏ်းများဖြစ်ပွားခဲ့ကြပါသေးတယ်။ ယခုအချိန်ထိ ထိုင်းပြည်သူတွေကတော့ ဒီမိုကရေစီပြန်လည်ရရှိဖို့ ဆန္ဒပြပွဲတွေကို အားတက်သရော လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဇူလိုင်လ(၁၈) ရက်နေ့ ညနေပိုင်းလောက်မှာလည်း မြန်မာပြည်သူတွေနဲ့ ဘဝတူဖြစ်တဲ့ ထိုင်းပြည်သူအများအပြားက ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ကြားကနေ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ဒီမိုကရေစီပြန်ရရှိရေး လှုပ်ရှားနေတဲ့ ပြည်သူတွေကို အားပြင်းတဲ့ရေပိုက်တွေနဲ့ ဖြိုခွင်းမှုတွေပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အရေးတော်ပုံကြီး အောင်မြင်စေဖို့ လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ ထိုင်းပြည်သူတွေကို အားပေးရင်း အာဏာပိုင်တွေရဲ့ ရေပိုက်နဲ့ဖြိုခွင်းတာခံရတဲ့ ဗီဒီယိုလေးကိုလည်း ပြန်လည် ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T