တခြားရောဂါအခံရှိနေတာတောင် ပရဟိတအလုပ်တွေလုပ်ဆောင်ရင်း covid positive နဲ့ ပျံလွန်တော်မူသွားခဲ့တဲ့အရှင်ဝေပုလ္လ(ရေကန်ဆရာတော်)

//s9.kh1.co/7a/7a4c9a264e8b7ea83376097730db8d42fea1c3d8.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တခြားရောဂါအခံရှိနေတာတောင် ပရဟိတအလုပ်တွေလုပ်ဆောင်ရင်း covid positive နဲ့ ပျံလွန်တော်မူသွားခဲ့တဲ့အရှင်ဝေပုလ္လ(ရေကန်ဆရာတော်)

လက်ရှိအခြေအနေမှာ ဂရုဏာ၊မေတ္တာတရားကြီးမားကြတဲ့ ပြည်သူတချို့ကတော့ ကိုယ်ကျိုးစွန့်ပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ပြည်သူကို ပြည်သူကပဲကယ်တင်ရမယ့်အချိန်ဖြစ်လို့ မိမိတို့တတ်စွမ်းသလောက်နဲ့ တစ်ထောင့်တစ်နေရာကနေရှိနေပေးကြတာဖြစ်ပါတယ်။ကိုဗစ် တတိယလှိုင်းကလည်း ပြင်းထန်နေတာကြောင့် မြန်မာပြည်သူတွေခမျာ သောကတွေရောက်နေရပေမယ့် အားမလျော့ဘဲရင်ဆိုင်ဖြေရှင်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုနောက်ပိုင်းမှာတော့ ပရဟိတအဖွဲ့အစည်းတွေအပြင် သံဃာတော်တွေကပါ ပရဟိတအလုပ်တွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ဘုရားသားတော်တွေကလည်း ဝိနည်းနဲ့အညီ ပြည်သူတွေရဲ့ဒုက္ခကို ကူညီပေးနေကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လည်း အရှင်ဝေပုလ္လ(ရေကန်ဆရာတော်) ကတော့ ပရဟိတအလုပ်တွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဆရာတော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ညောင်းတုန်းမြို့နယ်၊ကွမ်းခြံတုန်းကျေးရွာမှကျောင်းထိုင်တစ်ပါးဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တခြားရောဂါအခံရှိလျက်နဲ့ပဲ ပရဟိတအလုပ်တွေကို လုပ်ဆောင်ရင်း ဇူလိုင်လ (၁၇)ရက်နေ့၊နေ့လည် (၁:၄၀)တွင် ဆရာတော်က Covid positiveနဲ့ ပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။သက်ရှိထင်ရှားရှိစဉ်မှာလည်း လူသားတွေအပေါ်မှာ စေတနာ၊မေတ္တာတရားအပြည့်ထားပြီး သာသနာ့ဝန်ကို ထမ်းရွက်ခဲ့တာဖြစ်ပါတယ်။ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားတဲ့အတွက် အရမ်းဝမ်းနည်းမိရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T