အာဇာနည်နေ့အခမ်းအနားကို မြန်မာဝတ်စုံဝတ်ဆင်ပြီး စိတ်မကောင်းခြင်းများစွာဖြင့် အမှာစကား ပြောကြားခဲ့တဲ့ အမေစု သားငယ် ကင်မ်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/5e/5e741aaadea02b62bb5a3cf6a7f798eecd6ebe1c.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဒီနေ့ကတော့ မြန်မာနိုင်ငံရဲ့  (၇၄) နှစ်မြောက် အာဇာနည်နေ့ရက်ပဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ကို ပဓာနမထားဘဲ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းများအား အောက်မေ့သတိရကြတဲ့အထိမ်းအမှတ်နေ့အဖြစ် ဇူလိုင်လ (၁၉) ရက်နေ့ကို သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာသာမကဘဲ ပြည်ပနိုင်ငံများတွင်လည်း အာဇာနည်နေ့ လွမ်းဆွတ်အောက်မေ့ဖွယ် အလေးပြုတဲ့ အခမ်းအနားကို ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်  မနေ့က ကျင်းပပြုလုပ်တဲ့ အာဇာနည်နေ့ အောက်မေ့သတိရအခမ်းအနားနဲ့ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားကြတဲ့ သူရဲကောင်းတို့အား ဂုဏ်ပြုတဲ့ အခမ်းအနားအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်လည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကင်မ်ကတော့ ဒီပွဲမှာအာဇာနည်နေ့နဲ့ပတ်သက်ပြီး အမှာစကားတစ်ချို့ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ မိခင်ရဲ့ ကျန်းမာရေးအခြေအနေတွေကို စိုးရိမ်နေတဲ့ သားဖြစ်သူရဲ့ ညှိုးငယ် နေတဲ့ မျက်နှာလေးကို မြင်တွေ့လိုက်ရတာကြောင့် ပြည်သူများက စိတ်မကောင်း ဖြစ်နေခဲ့ကြရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ကင်မ်ဟာ အာဇာနည်နေ့အခမ်းအနားအား လည်ကတုံးအင်္ကျီ၊ ကချင်ရိုးရာပုဆိုးနဲ့ ကတ္တီပါဖိနပ်လေးကို ဝတ်ဆင်ပြီး ရိုးရှင်းစွာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဦးခေါင်းထက်မှာလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်ခေါင်းပေါင်းလေးကို ဆောင်းထားတာကို မြင်တွေ့ခဲ့ရသဖြင့် ပြည်သူတွေအားလုံးက ကင်မ်နဲ့ထပ်တူဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ လန်ဒန်မှာ ပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ ပြည်ပရောက်မြန်မာများကလည်း ကင်မ် မိန့်ခွန်းပြောနေတာအား မှတ်တမ်းဗီဒီယို ရိုက်ကူးထားကြပြီး သူတို့ရဲ့ လူမှုကွန်ယက်များတွင် ဝေမျှထားကြတာ ဖြစ်ပါတယ်။ အမေစုအမြန်ဆုံး လွတ်မြောက်ပြီး ချစ်ရတဲ့မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T