တိမ်မဟုတ်တဲ့ အငွေ့များက နေအိမ်အမိုးနားတွေဆီထိ ရောက်လာခဲ့လို့ ထိတ်လန့်ပြီး ဗီဒီယို ရိုက်ယူထားခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/f9/f9756ff583aa91849580db9d2ab83dce32c03c15.jpg
နေ့စဉ်သတင်းများ

 ၁၈-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိ မြန်မာနိုင်ငံက ပြည်သူတွေကတော့ ပြန်လည်​ကူးစက်လာခဲ့တဲ့ ကိုဗစ်ရောဂါကို ဆိုးဆိုးရွားရွားခံစားနေရသလို အာဏာရှင်တွေရဲ့ လက်အောက်မှာလည်း ကြောက်ရွံ့မှုတွေနဲ့ နေထိုင်နေရတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့နေရရှာပါတယ်။ ဒီလိုကြုံတွေ့နေရတဲ့ အခြေအနေမျိုးမှာ ဇူလိုင်လ(၁၇)ရက်နေ့ ညပိုင်းအချိန်တုန်းကလည်း ရန်ကုန်မြို့နေ ပြည်သူတွေ အများအပြားဟာ စိုးရိမ်ထိတ်လန့်မှုတစ်ခုဖြစ်ပွားခဲ့တာကို ကြားသိခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဒါကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်တချို့တွေမှာ တိမ်လိုမျိုးမဟုတ်တဲ့ အငွေ့များက နေအိမ်တွေရဲ့ အနီးအနားတွေဆီသို့ ပျံ့နှံ့လာခဲ့တာကြောင့် ပြည်သူတွေက အထိတ်တလန့်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေကလည်း လူမှုကွန်ယက်မှာ ခဏလေးအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ပျံ့နှံ့လာခဲ့တဲ့ သတင်းများအရ ဒီအငွေ့တွေဟာ လေယာဉ်လိုလို ဒရုန်းလိုလို ပျံသွားတဲ့အသံတွေ ကြားရပြီးနောက် ဖြစ်ပေါ်လာတာလို့ ပြောဆိုနေကြတာကိုလည်း ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း အများပြည်သူတွေ ထိတ်လန့်ခဲ့ရတဲ့ အဆိုပါအငွေ့များပျံ့နှံ့လာခဲ့တဲ့အချိန်မှာ ပြည်သူတစ်ဦးက နေအိမ်ကနေရိုက်ယူထားတဲ့ ဗီဒီယိုလေးကိုလည်း ထပ်မံဖော်ပြလာတာ တွေ့မြင်ရပါတယ်။ လက်ရှိမှာတော့ အဆိုပါအငွေ့တွေဟာ ဘာကြောင့် ဖြစ်လာတယ်ဆိုတာ မသိရသေးပေမယ့် ပြည်သူတွေကတော့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း ရေးသားဖော်ပြပေးထားတာတွေလည်း ရှိပါတယ်။ ဗီဒီယိုလေးကို ကြည့်ပြီး ဒီအငွေ့တွေဟာ ဘာကြောင့်ဖြစ်လာတယ်ဆိုတာကိုလည်း ပရိသတ်တွေရဲ့ ထင်မြင်ချက်လေးတွေကို ပြောပေးခဲ့ပါဦးနော်...။

https://s9.kh1.co/__image/w=600,h=273,q=100/5c/5c87161b370be124363ab77438e3c3e8eddde7a5.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://www.facebook.com/100014647248159/videos/362433092195205/

သတင်း အရင်းအမြစ်VideoCredit & Source - Wu Kong fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T