ကျီစု သုသာန်မှာ Dead Body တွေကို ဆိုက်ကားဘေးတွဲတွေနဲ့ တင်လာကြသလို အနံ့တွေလည်း ထွက်​ကာ အခြေအနေဆိုးနေပုံကိုပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/30/305bfc1edbf03b2410d4747a2d94b099e1be9340.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.......

ခုလက်ရှိ ရေဝေး သုသာန်တွေမှာ ကိုဗစ်ကြောင့် သေဆုံးနေကြသူတွေ ရာချီ ထောင်ချီ ရှိနေတာ အားလုံး အသိပါပဲ ။ ဒီလို များလွန်းလို့လည်း   မီးသင်္ဂြိုလ်ဖို့တောင် မနိုင်တော့ဘဲ လျှောက်လမ်းတွေအပြည့် တန်းစီ ချထားတာတွေကို တွေ့ရပါတယ် ။  မီး မသင်္ဂြိုလ်နိုင်သေးလို့ အချိန်ကြာမြင့်စွာ အပြင်မှာ စောင့်နေရတဲ့ Dead Body တွေက မိုးရေတွေစိုတာတွေလည်း ရှိသလို တစ်ချို့ဆို အနံ့တွေတောင် ထွက်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြားထားတာတွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ကျီစု သုသာန်ကို ဖခင်နာရေးနဲ့ ရောက်ရှိခဲ့တဲ့ ပြည်သူတစ်ဦးက သူမြင်ခဲ့ရတဲ့ အခြေအနေတွေကို ပြည်သူများ သိရှိစေရန် ပြန်လည်ဝေမျှထားခဲ့ပါတယ် ။ဒီလို ပြောပြရတာကလည်း ပြည်သူတွေအနေနဲ့ ဒီရောဂါကြီး မဖြစ်အောင်ဆင်ခြင်နေနိုင်ဖို့ ရည်ရွယ်ကြောင်းလည်း ရေးသားဖော်ပြထားပါသေးတယ် ။ သူမရဲ့ ဖခင်ကို သင်္ဂြိုလ်ဖို့ အလောင်း အမှတ်ဆို (၁၀၇၄) ဖြစ်ရာ နောက်မှာ များစွာသော အလောင်းတွေလည်း ထောင်ချီပြီးရှိတယ်လို့ ဆိုပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒါ့အပြင် ဆိုးရွားလွန်းတဲ ကျီစု သုသာန်က မြင်ကွင်းတွေကို " ကျီစု သုသာန်ကို စစရောက်ရောက်ချင်း မနက် ၁၀ နာရီလောက်ကတည်းက Ambulance ကား,နာကူကားတွေနဲ့ရောက်နေနှင့်ပြီးသား အလောင်းတွေက လက်ချိုးရေလို့မကုန်နိုင်သလို... ထပ်ရောက်လာတဲ့ အလောင်းတွေမှာ Ambulance ကားတစီးတည်းမှာ ကားမလောက်တော့တဲ့အတွက် ၃ ၄ လောင်းဆင့်တွေ ခေါင်းမပါ ကဒ်မပါဘဲ ဆင့်တင်ထားရတဲ့ အလောင်းတွေ.... Taxi , ဆိုက်ကားဘေးတွဲတွေနဲ့ သယ်လာရတဲ့ အလောင်းတွေ... မီးသင်္ဂြိုလ်ဖို့ကို တန်းစီစောင့်နေရင်း သူ့အလောင်း ကိုယ့်အလောင်း လုပြီး မီးသင်္ဂြိုလ်ဖို့ ရန်တွေထဖြစ်ကြရတဲ့အထိ စိတ်ထိခိုက်စရာ မြင်ကွင်းတွေ မြင်ရတဲ့အပြင် မီးသင်္ဂြိုလ်စက်အထဲမှာတင် မနေ့ညကတည်းက မီးမသင်္ဂြိုလ် ရသေးတဲ့ အလောင်းတွေ အခန်းဝက်လောက်ပုံခံနေပါတယ်.... မီးခိုးညှော်နံ့ ပုတ်စော်နံ့တွေ တထောင်းထောင်းထနေတဲ့ကြားက မိုးပါ တဖွဲဖွဲကျလာသေးတယ်... ကျမတို့ကတော့ ဘယ်အချိန်ဖြစ်ဖြစ် မီးသင်္ဂြိုလ်ပြီးတဲ့အထိ ဆက်စောင့်နေကြတယ်.... အဖေ့ နံပါတ်တောင် ၁၀၇၄ ဖြစ်နေတဲ့ အချိန်မှာ နောက်ထပ်ရောက်လာတဲ့ အလောင်းတွေက ထောင်ကို တော်တော်ချီနေမှာပါ...တချို့တွေ မိဘအလောင်းကို မစောင့်နိုင်တော့လို့ ပစ်ထားခဲ့ပြီး ပြန်ကုန်ကြသလို တန်းစီချထားတဲ့ အလောင်းတွေက အတန်းရှည်ကြီး...ကျမကတော့ အိမ်ကတားနေတဲ့ကြားက Positive အလောင်းတွေ ထုတ်ထားတဲ့ ကြားက နှလုံးနဲ့ဆုံးတဲ့ကျမအဖေနားမှာပဲ မီးသင်္ဂြိုလ်စက်ကို ဖြောင့်ဖြောင့်မဝင်မချင်း စောင့်နေခဲ့တယ်... ဒီတိုင်းအဝေးကကြည့်ဖို့ ထားပစ်ခဲ့ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ....သေတာတောင် မီးသင်္ဂြိုလ်ဖို့ တန်းစီနေရ လုနေရ ရန်တွေဖြစ်နေရတာ ရုပ်ရှင်တွေထဲက ကြောက်မက်စရာ ခေတ်ပျက်ကားတွေထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းပါတယ်.... ဒါကြောင့် နေကောင်းအောင်နေကြပါ မိဘတွေကိုလည်း ပိုပိုပြီး ဂရုစိုက်ကြပါ ဒီခေတ်ပျက်ထဲမှာ လုံးဝ အသေမခံပါနဲ့ သေတာတောင် လုပြီး မီးသင်္ဂြိုလ်ဖို့ မစဉ်းစားပါနဲ့ ကျန်းမာအောင် နေထိုင်ကြပါ..." ဆိုပြီး အကြောင်းစုံရေးသာစဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း အားလုံး ဂရိုစုက်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T