ကလေးမြို့မှာအောက်ဆီဂျင်ဖြည့်ဖို့အတွက် တန်းစီ‌စောင့်နေကြတဲ့ ပြည်သူတွေကို ထမင်းထုပ်တွေပေးဝေလှူဒါန်းနေကြတဲ့ မြင်ကွင်းပုံရိပ်များ

//s9.kh1.co/9b/9bd71bad5651a6146d5f8e23f7b11b86a5b4e1d4.jpg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကလေးမြို့ကတော့ အခုချိန်မှာ ကိုဗစ်ဒဏ်ကို အလူးအလဲခံစားနေရတဲ့ မြို့တစ်မြို့ပဲ ဖြစ်ပါတယ် ။ ကလေးမြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူဦးရေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ ဒါ့အပြင် နေ့စဥ်လိုလို သေဆုံးသူတွေရှိနေတာကြောင့် ကလေးမြို့က သုသာန်တွေမှာ အုတ်ဂူတွေပါအဆင်သင့်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ထားရတာလည်း ဖြစ်ပါတယ်။

Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page

အထူးသဖြင့် ကလေးမြို့မှာရှိတဲ့ ပြည်သူတွေက Covid-19 ရောဂါပိုးကူးစက်ခံရပြီးနောက် အောက်ဆီဂျင်ပြတ်လပ်ပြီး အသက်ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေအချိန်တိုင်း လိုအပ်နေတာ ဖြစ်ပါတယ်။ နေ့တိုင်းလိုလိုလည်း အောက်ဆီဂျင်ရရှိဖို့အတွက် တန်းစီစောင့်ဆိုင်းနေကြရပြီး နေပူမရှောင် မိုးရွာမရှောင်နဲ့ ပြည်သူတွေမှာအောက်ဆီဂျင်အတွက် ကြိုးစားနေကြရတာကို တွေ့ရပါတယ်။

Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page

အခုလိုက‌လေးမြို့မှာ အောက်ဆီဂျင်ရရှိဖို့ တန်းစီနေကြရတဲ့ပြည်သူတွေကို စေတနာရှင်လူငယ်လေးတွေဟာ ထမင်းထုပ်လေးတွေပေးဝေလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ချက်ချင်းပျံ့နှံ့လာခဲ့ပြီး ပြည်သူချင်းကူညီစောင့်ရှောက်နေကြတာကြောင့် ၀မ်းနည်း၀မ်းသာဖြစ်နေကြတဲ့မှတ်ချက်တွေလည်းရရှိခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page

သတင်း အရင်းအမြစ်KP DIARY's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T