အဖေဘဝပျက်နေပြီလို့ တခြားဖုန်းနံပါတ်နဲ့ဆက်ပြောပြီးနောက် လုံးဝပြန်ဆက်သွယ်လို့မရတော့တာကြောင့် အရမ်းစိတ်ပူနေရတဲ့မိသားစုဝင်များ

//s9.kh1.co/b4/b42906acd228dd93a2769c0c679e7f26393b4251.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အဖေဘဝပျက်နေပြီလို့ တခြားဖုန်းနံပါတ်နဲ့ဆက်ပြောပြီးနောက် လုံးဝပြန်ဆက်သွယ်လို့မရတော့တာကြောင့် အရမ်းစိတ်ပူနေရတဲ့မိသားစုဝင်များ

လက်ရှိမှာတော့ ပြည်တွင်းရေးအခြေအနေကြောင့် အမြို့မြို့၊အနယ်နယ်မှာ ခိုးဆိုးလုယက်မှုတွေပေါများနေပြီးပြည်သူတွေလည်း စိုးရိမ်စိတ်နဲ့ပဲ မိမိတို့အသက်၊အိုးအိမ်၊စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေရတာဖြစ်ပါတယ်။ဒါ့အပြင် ကိုဗစ်တတိယလှိုင်းကြောင့်လည်း ပြည်သူတွေခမျာ နစ်နာဆုံးရှုံးမှုများစွာနဲ့ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။စီးပွါးရေးတွေလည်း ကြပ်တည်းနေတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ မိသားစုစားဝတ်နေရေးအတွက်တောင် ရုန်းကန်ရှာဖွေနေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက အလုပ်လုပ်ဖို့ဆိုပြီး ဇူလိုင်လ (၅) ရက်နေ့၊ မနက် (၆)နာရီကတည်းက အိမ်မှထွက်သွားခဲ့တာဖြစ်ပါတယ်။မိသားစုဝင်တွေလည်း နေ့လည်ထမင်းစားဖို့ပြန်မလာတာကြောင့် (၁၁)နာရီကျော်လောက်မှာ ဖုန်းဆက်တဲ့အခါ ဖုန်းစက်ပိတ်ထားတာနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ဇူလိုင်လ (၁၂)ရက်နေ့၊ည (၈)နာရီအချိန်မှာ တခြားဖုန်းနံပါတ်တစ်ခုနဲ့ “အဖေဘဝပျက်နေပြီလို့ ငိုပြီးပြောကာ ဆိုင်ကယ်နဲ့ဖုန်းမရှိတော့ဘူး”လို့ မိသားစုဝင်တွေကို ဖုန်းဆက်ပြောခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီဦးလေးကြီးက ယခုလက်ရှိမှာ ဧရာဝတီတိုင်းဘက်ရောက်နေတယ်လို့ ဖုန်းမချခင်ပြောသွားသေးတာဖြစ်ပါတယ်။မိသားစုဝင်တွေက အဲ့ဒီဖုန်းနံပါတ်ကို ပြန်ဆက်သွယ်ပေမယ့်လည်း လုံးဝဆက်သွယ်လို့မရတော့ဘူးလို့ သိရပါတယ်။ဒါ့ကြောင့် မိသားစုဝင်တွေက သူတို့ရဲ့ဖခင်ကို တွေ့တဲ့အခါ (၀၉၆၇၆၈၃၅၁၄၁)ကို နှစ်ခါဆက်သွယ်ပေးဖို့တောင်းဆိုလာတာဖြစ်ပါတယ်။ဧရာဝတီတိုင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေလည်း ပုံပါဦးလေးကြီးကို တွေ့တဲ့အခါမိသားစုကို ဆက်သွယ်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T