လူသားချင်း စာနာစိတ်နဲ့ ကူညီပေးခဲ့ပေမယ့် အသိအမှတ် မပြုတဲ့အပြင် လူနာသေဆုံးတာ သူ့ကြောင့်ပါလို့ စွတ်စွဲခံခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/2d/2db06c1bc86c31442681b20dca1bb5a3c81e8ea7.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

...,,,

ပြည်သူမှာ ပြည်သူပဲ ရှိလို့ ခုလို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါတွေနဲ့ ပတ်သက်ပြီး အချင်ချင်း ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ် ။ ကိုယ်နဲ့ သွေးမတော် သားမစပ် ကြပေမယ့်လည်း ဒုက္ခရောက်နေသူတွေကို မကြည့်ရက်နိုင်တာကြောင့် ကိုယ့်အခက်အခဲတွေကိုတောင် မေ့လျော့ပြီး အစွမ်းကုန် ကူညီပေးနေကြတာပါ ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ပရဟိတ အသင်းတွေဆိုရင်လည်း နေ့မနား ညမနား တောက်လျှောက် ကိုဗစ်လူနာတွေကို လိုအပ်တာတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ် ။ တစ်ချို့ဆို ညသန်းခေါင်အချိန်အထိ အောက်ဆီဂျင် လိုအပ်သူတွေကြောင့် ညမထွက်ရအမိန့်တွေ ရှိနေတဲ့ ကြားက အရဲစွန့်ကာ ကူညီပေးနေကြတာတကယ်ကို လေးစား စရာတွေပါပဲနော် ။ဒါကြောင့်လည်း ဒီလို ကူညီပေးနေသူတွကို ပြည်သူတွေကလည်း ကျေးဇူးတင်နေရတာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို ကူညီပေးကြရမှာလည်း အမြဲတမ်းကြီး အဆင်ပြေ ချောမွေ့နိုင်တာတော့ မရှိပါဘူး  ။ မနေ့ကဆိုရင်လည်း အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတစ်ဦးအတွက် ကူညီရှာဖွေပေးနေပေမယ့်လည်း လူနာက ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ် ။ ဒါကို လူနာရှင်က အချိန်မှီ မရောက်လာနိုင်လို့ဆိုပြီး ကူညီပေးသူကို စာပို့ပြီး အပြစ်တင်ပြောဆိုခံခဲ့ရတဲ့ စိတ်မကောင်းစရာ ပို့စ်လေးတစ်ခု ပျံ့နှံ့ခဲ့ပါတယ် ။ ဒီအဖြစ်အပျက်လေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T