ဖတ်မိသူတိုင်း ၀မ်းနည်းစိတ်မကောင်းဖြစ်ရတဲ့အထိ တောထဲရောက်နေတဲ့သားတစ်ယောက်မှ မိခင်ထံရေးသားထားတဲ့စာတိုလေး

//s9.kh1.co/ad/add223f36a33ea98bd4952d1f0846eea4f17ba3e.jpg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံရေးအခြေအနေအကြပ်အတည်းတွေကြောင့် Gen Zလူငယ်လေးတွေဟာ လွတ်မြောက်နယ်မြေမှာသွားရောက်ခိုလှုံကြရင်း "ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF" အတွက် စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။ အခုလို မိသားစုနဲ့ခွဲခွာပြီး တောတောင်တွေထဲမှာ စစ်ပညာသင်ယူနေကြရတဲ့ လူငယ်လေးတွေမှာလည်း အိမ်ကိုလွမ်းဆွတ်သတိရကြသလို ပင်ပန်းဆင်းရဲဒုက္ခတွေနဲ့လည်း တွေ့ကြုံခံစားရတာကိုတွေ့ရပါတယ်။တောထဲရောက်နေတဲ့ Gen Zလူငယ်လေးတစ်ဦးဟာ မိခင်ကိုသတိရတာကြောင့်စာလေးတစ်စောင်ရေးသားလာခဲ့ပါတယ်။

Photo credit-​ Ye Min's Facebook acc
Photo credit-​ Ye Min's Facebook acc

"တောထဲက သားတစ်ယောက်ရေးတဲ့စာ
သို့/
မေမေ...
သားအဆင်ပြေပါတယ်။ သား စိတ်ပူတာ
မေမေ့ကိုပါပဲ။ သားငယ်ငယ်က ဖေဖေ
တော်လှန်ရေးလုပ်ရင်း အဖမ်းခံရပြီး ပြောက်ချင်းမလှ ပျောက်သွားတဲ့အကြောင်း အမေပြောပြတုန်းက သားငိုခဲ့ရတာ ရှိုက်ကြီးတငင်ပဲ။
အခုလည်း သားက အမေ့ကို ချန်ရစ်ပြီး
တော်လှန်ရေးလုပ်ခဲ့ပြန်ပြီ။ မေမေ့ရင်ထဲ သားအတွက် ဘယ်လောက်တောင် ပူလောင်နေမလဲ ခံစားလို့ ရပါတယ်မေမေ...သား မေမေ့အတွက် လိုအပ်တဲ့စားစရာ၊ဆေးဖိုးဝါးခတွေ စီစဉ်ပေးပြီး အိမ်ကထွက်ဖို့ အထုပ်ပြင်နေခဲ့တုန်းက
"သား...လူလေး
တစ်နေ့မှာ အိမ်ပြန်လာရမယ်နှော်"
လို့  မေမေပြောတော့ သားရင်ထဲ ဆို့တက်သွားတယ်။တကယ်ဆို ဘယ်မိဘကမှ သားသမီး
ကို ခွဲမသွားစေချင်သလို သားသမီး ကိုယ်တိုင်ကလည်း မိဘတွေကို ဘယ်ထားရစ်ခဲ့ချင်ပါ့မလဲ။
သား တောထဲမှာ အဆင်ပြေပါတယ် မေမေ။ သား စိတ်ပူတာ မေမေတို့နဲ့ ပြည်သူပြည်သားအားလုံးကိုပါပဲ။ အခုဆိုရင် ကုန်ဈေးနှုန်းတွေက ကြီး၊ အောက်စီဂျင် အချိန်မီမရလို့ သေဆုံး
ရသူတွေကလည်း များ။ သားအသိတွေထဲကတောင် တော်တော်ဆုံးပါးသွားကြပြီ မေမေ။
ဒါကလည်း မလုပ်သင့်မလုပ်ထိုက်တဲ့
စစ်အာဏာသိမ်းမှုတွေရဲ့ ဆိုးကျိုးဂယက်တွေကြောင့် အဓိကပါပဲမေမေ။သားကို မေမေ နားလည်မှာပါ။ ဖေဖေတို့
ခေတ်က မ‌အောင်မြင်ခဲ့တဲ့စစ်အာဏာရှင်တော်လှန်ရေးကို သားတို့ခေတ်မှာ အပြီး သတ် အောင်မြင်စေရမယ်မေမေ။ သား အိမ်ပြန်လာရ မလာရဖို့က မသေချာပေမဲ့ သားတို့ပြည်သူတွေကတော့ အနိုင်ရရမယ်မေမေ။သား မေမေ့ကို သိပ်ချစ်ပါတယ်။ မေမေက သိပ်သတ္တိရှိတဲ့သူပါ။
ဖေဖေမရှိတော့တဲ့ဘ၀မှာ သားကိုရပ်တည်နိုင်အောင် ပံ့ပိုးခဲ့တယ်။အားပေးခဲ့တယ်။ ဖေဖေ့ရဲ့ မဟုတ်မခံချင်စိတ်တွေအကြောင်း မေမေ
ဂုဏ်ယူစွာနဲ့ သားကို ပြောပြခဲ့ဖူးတယ်။ သား မနက်ဆို စောစောထနိုင်ပြီ မေမေ။.အိမ်မှာတုန်းက နေဖင်ထိုးမှ အိပ်ရာထတဲ့သားတစ်ယောက် အခု အပိုးကျိုးနေပြီ မေမေ။သား ထမင်း၊ ဟင်းလည်း အိမ်မှာလို ဂျီးမများတော့ဘူး မေမေ။ အိမ် ထမင်း အိမ်ဟင်းမဟုတ်ပေမဲ့ နပ်မှန်အောင် စားရပါတယ်မေမေ။အရင်က မိုးစိုရင် ခဏခဏဖျားတတ်တဲ့သား၊ အခုတော့ မိုးစိုစို၊ နေပူပူ ခံနိုင်ရည်
ရှိလာပြီမေမေ။အရင်က ခြင်ထောင်မထောင်ရင် မအိပ်တတ်တဲ့သား၊ အခု ပုခက်တစ်လုံးနဲ့လည်း
အိပ်တတ်ပြီ မေမေ။အရင်က ခြင်ကိုက်၊ ဖြုတ်ကိုက်တာတွေသေမလောက်ကြောက်ခဲ့ပေမဲ့ အခုနာကျင်ခံစားနေရတဲ့ပြည်သူပြည်သားတွေကို
မြင်ယောင်တိုင်း ခြင်ကိုက်၊ ဖြုတ်ကိုက်တာ
လောက်ကို မမှုတော့ဘူးမေမေ။ပြီးတော့ တောထဲမှာ အချင်းချင်းသိပ်ရိုင်းပင်းကြတယ်မေမေ။ လမ်းကြမ်း တွေကို အတူတူကျော်ကြတယ်။ တွဲကူကြတယ်။ စားစရာအတူတူ ရှာကြတယ်။ အတူတူမျှဝေစားကြတယ်။ တစ်ယောက်နေ‌မကောင်းရင် တစ်ယောက်က ဂရုစိုက်ပေးကြတယ်။ "လူကောင်းတွေက အခက်အခဲကြုံတဲ့
အခါ ပိုကူညီတယ်။ လူဆိုးတွေက အခက်အခဲကြုံတဲ့အခါ ပိုတစ်ကိုယ်ကောင်းဆန်တယ်"  ဒီသဘောကိုလည်းသား ကောင်းကောင်းကြီး သဘောပေါက်လာပြီ မေမေ...။


Photo credit-​ Ye Min's Facebook acc
Photo credit-​ Ye Min's Facebook acc
Photo credit-​ Ye Min's Facebook acc
Photo credit-​ Ye Min's Facebook acc

ပြီးတော့လေ ပြည်ပရောက်မြန်မာတွေက အရမ်းချစ်ဖို့ ကောင်းတယ်မေမေ။ တိုင်းပြည်အေး
ချမ်းနေတုန်းက သူတို့တွေ တစ်ကိုယ်
ကောင်းဆန်ရင်ဆန်ခဲ့လိမ့်မယ်။ သူတို့
မိသားစုအတွက်သာ သူတို့ကြည့်ကောင်း ကြည့်ခဲ့ကြလိမ့်မယ်။ အခုတော့မေမေရယ်...သူတို့ရဲ့ချွေးနည်း စာတွေကိုလေ ပြည်တွင်းက ခက်ခဲနေသူတွေ၊ တော်လှန်ရေးအင်အားစုတွေကို လှူ ဒါန်းကြတာမှ ကမ္ဘာကတောင် ချီးကျူး
ယူရတယ်။ သူတို့လည်း အဆင်ပြေနေ
ကြလို့လားဆိုတော့ မဟုတ်ပါဘူး။ သူတို့
လည်း အဆင်ပြေမနေကြပါဘူး။ သူတို့
တိုင်းတစ်ပါးမှာ အလုပ်ပင်ပန်းတာ တွေရှိတယ်။ အလုပ်အကိုင် အဆင်မပြေတာ တွေရှိတယ်။ နေထိုင် မကောင်းတာတွေရှိတယ်။ စား၀တ်နေရေး ဖြေရှင်းရတာတွေရှိတယ်။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ သူတို့အဆင်မပြေတာထက် တိုင်းပြည်ကို ပိုပြီး အဆင်ပြေ စေချင်တယ်မေမေ။ ခေတ်စနစ်ကောင်းတုန်းကလည်း တိုင်းပြည်ကို အခွန်ရစေခဲ့တယ်။ ခေတ်စနစ်ဆိုးကြုံချိန်ရောက်တော့လည်း သူတို့တွေ ပစ်မထားခဲ့ပြန်ဘူး။ သူတို့ဟာလည်း တော်‌လှန်ရေးသူရဲကောင်း တွေပါပဲ မေမေ။ သား တစ်ခါတစ်ခါ ပင်ပန်းလွန်းလို့
စိတ်ဓာတ်ကျမိတဲ့အချိန်တိုင်း သူတို့အကြောင်း ပြန်တွေးရင်း အားဖြစ်ရတယ်။ ကျေးဇူးတင်မဆုံး ဖြစ်ရတယ် မေမေ။နောက်ထပ် ကျေးဇူးတင်ရသူတွေကတော့ တိုင်းရင်းသားတွေပါပဲ မေမေ။
မေမေ့ရဲ့သွေးအပြည့်ပါတဲ့သားက တိုင်းရင်းသားတွေကိုလည်း အတူတူပဲ
ရှုမြင်တယ်မေမေ...တကယ်တော့ ဗမာဆိုတာလည်း တိုင်းရင်းသားတွေအတွက်တော့ တိုင်းရင်းသားပါပဲ မေမေ။ တိုင်းရင်းသား အားလုံးဟာလည်း လူသားတွေပါပဲမေမေ။
တိုင်းရင်းသားတွေထဲမှာလည်း ဘာသာမတူတာ ရှိမယ်၊ လူမျိုး မတူတာ ရှိမယ်၊ ခံယူချက် မတူတာ ရှိမယ်။ ဒါပေမဲ့ အားလုံးဟာ လူသားတွေပါပဲ မေမေ။ဘယ်ဘာသာကမှ သေခြင်းတရားကို
မလွန်ဆန်နိုင်သလို ဘယ်လူမျိုးကမှ
လည်း ထာ၀ရအသက်ရှင်မနေပါဘူး မေမေ။
သားကတော့ လူမျိုးခွဲ၊ ဘာသာခွဲ၊ စိတ်ထားတွေထက် လူသားဆန်မှုကိုပဲ ပိုအလေးထားတယ်မေမေ...အရင်က ဗမာတွေကို တိုင်းရင်းသားတွေမုန်းခဲ့တယ်။ တိုင်းရင်းသားတွေကိုလည်း
ဗမာတွေက ဖိနှိပ်ခဲ့တယ်။ ဒါပေမဲ့ အခုကျတော့ အားလုံးဟာ တစ်သွေးတည်း
တစ်သားတည်း ပေါင်းစည်းသွားကြပြီ မေမေ။
သားတို့ထွက်ပြေးလာတော့ သူတို့တွေ
ကူညီကြတယ်။ အားပေးကြတယ်။
စောင့်ရှောက်ကြတယ်။ သူတို့ကိုလည်း
ပြည်ပရောက် မြန်မာတွေက ပြန်ပြီးအား ဖြည့်လှူဒါန်းပေးကြတယ်။သား သဘောကျမိတာတစ်ခုက အားလုံး
ဟာ မျက်စိပွင့်၊ နားပွင့်ဖြစ်သွားပြီး ဘုံစနစ်ဆိုး​ကြီး ကို အဖြေထုတ်နိုင်သွားကြတာပဲမေမေ။
မကြာခင်မှာ သားတို့ရဲ့ ကြိုးစားမှုတွေ
ရုပ်လုံးပေါ်လာ‌တော့မယ်မေမေ။ ပြည်သူ ညီညွတ်ရေးအစိုးရ (NUG)ကလည်း နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အဖက်ဖက်က ကြိုးစားနေသလို တိုင်းရင်းသား EAO တွေကလည်း ကူညီနိုင်တာမှန်သမျှ ကူညီကြပါတယ်မေမေ။
ဒါတင်မကသေးဘူး...AAC လို ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့တွေကလည်း လူသားချင်းစာနာမှုနဲ့ ရိက္ခာထောက်ပံ့မှု တွေကို ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့အဓိကကူညီမှုနဲ့ အရှိုန်မြှင့်ကြိုးစားပေး
နေကြတယ် မေမေ။ပြည်သူ့အရေးတော်ပုံက မကြာခင်အောင်မြင်ပါမယ် မေမေ။ အခုဆိုရင် မေမေနဲ့ အဆက်အသွယ် မရတော့တာ (၄)လနီးပါး ရှိပါပြီ။ ဖုန်းတွေ အင်တာနက်တွေ မသုံးတတ်တဲ့ မေမေ့ဆီ သားနေ့တိုင်း စာပို့လို့မရပေမဲ့ သား ဒီစာလေးတော့ ရေးထားတယ်မေမေ။
တစ်နေ့မှာ သားအိမ်ပြန်မလာနိုင်ခဲ့ရင် တောင် သူငယ်ချင်းတွေကို ဒီစာလေးအမေ့ဆီအရောက်ပို့ပေးဖို့ သား သေချာ မှာထားတယ်မေမေ...
သား အိမ်ပြန်လာနိုင်သည်ဖြစ်စေ၊အိမ်ပြန်မလာနိုင်တော့သည်ဖြစ်စေမေမေ ဂုဏ်ယူနေမယ်လို့ သားယုံကြည် ပါတယ်...သား မေမေ့ကို ဘ၀မှာ အချစ်ဆုံးနှော်...တောတွင်းတစ်နေရာက သားလူလေး....."ဆိုပြီးရေးသားထားတဲ့စာလေးဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Ye Min's Facebook acc
Photo credit-​ Ye Min's Facebook acc
Photo credit-​ Ye Min's Facebook acc
Photo credit-​ Ye Min's Facebook acc

သတင်း အရင်းအမြစ်Ye Min's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T