မီးသင်္ဂြိုဟ်ဖို့ Dead Body ဘေးမှာ မိသားစုလိုက် ထိုင်စောင့်နေရသည်အထိ ဆိုးလွန်းနေတဲ့ အခြေအနေတွေကို ဗီဒီယိုရိုက်ပြလာတာတဲ့ ပရဟိတ ပြည်သူတစ်ဦး

//s9.kh1.co/9a/9ae36f4b999b168a6f6e3fe88fd1fbcf0d6684ce.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

တစ်နေ့ တစ်နေ့ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူတွေ များပြားလာတာကို စိတ်မကောင်းစွာ တွေ့ရတာ အမှန်ပါပဲ ။ ရောဂါကလည်း ပြင်းထန်သလို စနစ်တကျ မကုနိုင်တာတွေကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးနေရတာပါ ။ ဒါ့အပြင် အိမ်ထဲမှာပဲ ကုသနေရလို့ တစ်အိမ်လုံး ရောဂါပိုး ကူးစက်ကာ သေဆုံးနေကြသည်အထိ အခြေအနေတွေ အရမ်းဆိုးရွားနေတာကို တွေ့ရပါတယ် ။

Photo Credit : Min Din Facebook Account
Photo Credit : Min Din Facebook Account

ရေးဝေး သုသာန်တွေလို နေရာတွေမှာ ဆိုရင်လည်း မစည်းကားသင့်ပဲ စည်းကားနေပါတယ် ။ dead body တွေကို လာချတဲ့ ကားတွေဆို မရည်တွက်နိုင်အောင် များပြားနေတဲ့ အခြေအနေကို ပရဟိတ ပြည်သူတစ်ဦးက ဗီဒီယိုရိုက်ကာ ဖော်ပြလာပါတယ် ။ သေဆုံးသူကို မီးသင်္ဂြိုဟ်ဖို့ကို တန်းစီပြီး လျှောက်လမ်းမှာ ထိုင်စောင့်နေရတဲ့ မိသားစုဝင်တွေရဲ့ မြင်ကွင်းတွေကို ဗီဒီယိုလေးထဲမှာ စိတ်မကောင်းစွာ တွေ့မြင်ရမှာပါ ။ 

Photo Credit : Min Din Facebook Account
Photo Credit : Min Din Facebook Account

ဒါ့အပြင် ပိုင်ရှိင်မပါလို့ဆိုပြီး Dead Body ကို လမ်းမှာ ဒီတိုင်းထားခဲ့တာတွေလည်း ရှိနေပါတယ် ။ ပရဟိတ အသင်းတွေကပဲ သယ်ဆောင်ပြီး သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ် ။ ပရိသတ်ကြီးအတွက် မြန်မာနိုင်ငံမှာ သေတဲ့သူတွေ အလွန်များပြားလွန်းနေတဲ့ လက်ရှိအခြေအနေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ ပြည်သူတွေလည်း ဒီရောဂါကပ်ဆိုးကြီးကနေ အမြန် ကင်းလွတ်ကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T