မိသားစုလိုက် ကိုဗစ်ကူးစက်ခံထားရတဲ့အိမ်တွေဆီကို အစားအသောက်တွေနဲ့ငွေကြေးအချို့လိုက်လံလှူဒါန်းခဲ့တဲ့ စေတနာရှင်လူငယ်လေးတစ်ဦး

//s9.kh1.co/3b/3be21728d355a3f0b3aee5f12dbe3fdccf2d0f4a.jpg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းတွေတိုးပွားလာတာနဲ့အမျှ မိသားစုလိုက်တွေအထိပါ တစ်အိမ်လုံးကူးစက်ခံနေရတဲ့အခြေအနေတွေအထိ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ တစ်အိမ်လုံးကူးစက်ခံထားရတာကြောင့် စားသောက်ဖို့အတွက်၀ယ်ယူရတဲ့နေရာမှာ အခက်အခဲတွေရှိနေပြီး ကုသရေးစင်တာတွေပါမရှိတာကြောင့် ကူးစက်ခံရတဲ့ပြည်သူတွေမှာ အိမ်မှာပဲ Home Quartine လုပ်ကာနေထိုင်နေကြရတာဖြစ်ပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလို မိသားစုလိုက်ကူးစက်ခံရပြီး အခက်အခဲဖြစ်နေတဲ့အိမ်တွေအတွက် စေတနာရှင်ပြည်သူတွေဟာ အစားအသောက်တွေကိုသွားရောက်ပို့ပေးကြပြီး တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေကြတာကိုတွေ့ရပါတယ်။ ပြည်သူချင်းကူညီဖေးမနေကြတဲ့ မြင်ကွင်းပုံရိပ်တွေဟာဆိုရင်လည်း လူမှုကွန်ယက်စာမျက်နှာထက်တွေမှာပျံ့နှံ့နေပြီး စေတနာရှင်ပရဟိတလူငယ်လေးတွေကိုလည်း အများအပြားတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

မကြာသေးမီကလည်း ပရဟိတလူငယ်လေးတစ်ဦးဟာ သူ့ရဲ့Facebookစာမျက်နှာမှာ "8အိမ်တော့ ပို့ပြီပါပြီ အကုန်လုံးက မိသားစုလိုက် (P)ဖြစ်နေကြတာများပါတယ် အဟာရနဲ့ လိုတာလေးတွေ ကူခဲ့ပါတယ် (ငါးသေတ္တာ ၊ခေါက်ဆွဲခြောက်၊ကြက်ဥ၊ဓာတ်ဆား၊ပါရာစီတမော့၊ဒီကိုဂျင်)

လိုအပ်ရင် အသုံးပြုဖို့ နိုင်သလောက် (၁၀၀၀၀)ကျပ်ကိုလည် အိမ်တချို့ကို ကူညီခဲ့ပါတယ်(၂၀)ဦးလို့ခန့်မှန်းထားပေမယ် လူများသွားတော့ ပစ္စည်းကူဖို့ လိုသွားတယ် နောက်ရက်ထပ်သွားကူပါမယ် နောက်ဆုံးပုံတော့ သည်းခံလိုက်ကြပါဗျာ....." ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်La Gon Eain's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T