နိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေကြောင့် တစ်ကျော့ပြန်လည်ဖြစ်ပေါ်လာတဲ့ ကိုဗစ် Third waveရဲ့ ဒဏ်ကိုမြန်မာပြည်သူတွေအနေနဲ့ အလူးအလဲခံစားနေကြရပါတယ်။ အရင်လို ကုသရေးစင်တာတွေမရှိတော့တဲ့အပြင် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ မလုံလောက်မှုတွေကြောင့် အသက်ဆုံးရှုံးနေရတဲ့ ကိုဗစ်လူနာတွေများစွာလည်းရှိလာနေပါတယ်။ ဆေးရုံတွေမှာဆိုရင်လည်း ကုတင်တွေမလောက်ငှတော့တဲ့အထိဖြစ်နေပြီး ပိုးတွေ့လူနာတွေကိုပါ အိမ်ပြန်ခိုင်းကြတဲ့အထိ အခြေအနေဆိုးရွားနေတာတွေ့ရပါတယ်။

Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc

အခုချိန်ကာလမှာ အောက်ဆီဂျင်အိုးရရှိရန် ခက်ခဲနေကြပြီး ငွေရှိသော်လည်း အောက်ဆီဂျင်ရရှိဖို့ခက်ခဲနေကြရတဲ့ အခြေအနေနဲ့မြန်မာပြည်သူတွေကြုံတွေ့နေကြရပါတယ်။ လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်း အရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင်တောင်းခံနေရတဲ့ပို့စ်တွေ ဆက်တိုက်တက်နေပြီး အောက်ဆီဂျင်စက်ရုံတွေနဲ့ အောက်ဆီဂျင်ဖြည့်ပေးကြတဲ့ ပရဟိတအဖွဲ့အစည်းတွေမှာလည်း နေ့ရောညပါ လူတွေတန်းစီစောင့်ဆိုင်းနေရတဲ့အထိ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc

အခုလိုအောက်ဆီဂျင်အခက်အခဲကြောင့် နေပူမရှောင်မိုးရွာမရှောင်တန်းစီစောင့်ဆိုင်းနေကြတဲ့သူတွေအတွက် စေတနာရှင်လူငယ်လေးဟာ အအေးဘူးတွေဝေပေးခဲ့တာတွေ့ရပါတယ်။ ဒီအဖြစ်အပျက်လေးကိုလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "တစ်နေကုန်အောက်စီဂျင်တန်းစီပေးရင်းနေပူထဲမှာအရမ်းပြိုင်းလာလို့ ကျန်တဲ့သူတွေလည်းကိုယ့်လိုဖြစ်မှာပဲဆိုပြီး ချက်ခြင်းRoyal-D နဲ့ Civit Orange ဘူးတစ်ထောင်ရေခဲစိမ်ပြီးဝေဖို့ပြင်ဆင် ….အေးသွားတာနဲ့အကုန်လုံးကိုလိုက်ဝေ ❤️“ကျေးဇူးဗျာတကယ်ပူပြီးတော်တော်ပင်ပန်းနေတာ”ဆိုပြီးကျေးဇူးတင်စကားတွေပြောသွားတာက RoyalD သောက်ရတာထက်ပိုလန်းဆန်းသွားစေတယ်💪🏻..." ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc

သတင်းအရင်းမြစ်: Aung Khine Min's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။