CNG အိုးအလွတ်တွေကို Oxygen ခေါင်းပြောင်းတပ်ပြီး အလွယ်ရောင်းပေးလိုက်ရာ အသိမြန်လို့ မသေဘဲ ကံကောင်းခဲ့ရတဲ့ ပြည်သူတစ်ဦးရဲ့ အဖြစ်

//s9.kh1.co/f5/f56993e7fe2970b81ed8f041714d52c9d129d907.jpeg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ရောဂါကူးစက်မှုတွေကြောင့် အောက်ဆီဂျင် မလုံလောက်မှု ပြဿနာတွေကို ပြည်သူတွေ အတော်လေး ရင်ဆိုင်နေကြရပါတယ် ။ ဒါကြောင့်လည်း စေတနာရှင် ပြည်သူတွေ စုပေါင်းပြီး ဝယ်ယူ လှူဒါန်းမှုတွေ အစွမ်းကုန် လုပ်ဆောင်နေကြပါတယ် ။ တစ်ချို့ကလည်း ခုလက်ထဲရှိနေတဲ့ အောက်ဆီဂျင်အိုးတွေကို ကိုယ်ချင်းစာနာစွာဖြင့် ဝေမျှပေးနေကြတာကို လေးစားစွာတွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို မွန်မြတ်တဲ့ လူတွေရှိသလို တစ်ချို့ကလည်း စီးပွားရေးပဲမြင်ပြီး မိမိအကျိုးပဲကြည့်ကာ ဒီလို အခြေအနေတွေကို အခွင့်ကောင်းယူပြီး မတော်မတရားလုပ်ဆောင် နေကြတာတွေလည်း ရှိနေပါတယ် ။ မနေ့ကဆိုရင်လည်း ပြည်သူတစ်ဦးက အွန်လိုင်းကနေ အောက်ဆီဂျင်အိုး လေးအိုးကို ငွေကျပ် (၁၆) သိန်းနဲ့ မှာယူခဲ့တယ်လို့ သိရပါတယ် ။ ဒီလို မှာယူပြီး မကြာခင်မှာ မသင်္ကာ တာကြောင့် နားလည်သူများကို ခေါ်ပြရာ CNG အိုးအလွတ်တွေကို Oxygen ခေါင်းပြောင်းတပ်ပြီး အလွယ်ရောင်းပေးလိုက်တယ်လို့ ဖော်ပြထားပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဖုန်းပြန်ဆက်သွယ်ချိန်မှာ လိုင်းတွေပိတ်ထားတဲ့ အကြောင်းကိုလည်း " CNG အိုးအလွတ်တွေကို ပုဂ္ဂလိကဆိုင်တွေမှာလိုက်ဝယ်နေကြတယ်ရောင်းတဲ့ဆိုင်တွေကလည်းရောင်းပေးလိုက်ကြတယ် မရောင်းတဲ့ဆိုင်တွေကလည်းမရောင်းဘူး အသိ Gas ဆိုင်တွေရှိရင်စုံစမ်းကြည့်လို့ရတယ် CNG အိုးတွေကိုဝယ်ပြီး ခေါင်းဖြုတ်တယ် ပြီးတော့ ဆေးတယ် အထဲကို ဒါပေမယ့် CNG ဂျိုးတွေဟာဘယ်လိုမှဆေးလို့မကုန်ဘူး ဒါပေမယ့် သင့်သလောက်ဆေးပြီး Oxygen ခေါင်းပြောင်းတပ်တယ်။ ပြီးတော့ oxygen ထည့်ပြီးရောင်းစားနေကြတယ် လူမမာရှုမိရင် သေပြီလေ အာ့လိုတွေလူမမာတွေဘယ်လောက်များများသေပြီးကြပြီလည်းမသိဘူး ဒီမနက် မိသားစုလိုပတ်သက်နေတဲ့အိမ်က online ကနေတွေ့လို့တဲ့ Oxygen ၄ အိုးမှာလိုက်တာ ၅ ရက်နေတော့ ဒီနေ့လာပို့တယ်။ မသင်ကာလို့နားလည်သူကိုခေါ်ပြတော့ CNG အိုးတွေဖြစ်နေတယ်။ ဖုံးပြန်ခေါ်တော့ လိုင်းပိတ်သွားပြီ ၁၆ သိန်းပေးလိုက်ရတယ်တဲ့ ၄ အိုးဘိုး ရှူမိတဲ့ သေတဲ့ DB တွေက နှုတ်ခမ်းတွေပြာနေတယ် အသားတွေပြာနေတယ် အောက်ဆီဂျင်အိုးဝယ်ယူရာမှာ ဂရုစိုက်ကြပါခဗျာ နားလည်သူနဲ့ပြပြီးမှ ဝယ်ကြပါ " အပြည့်အစုံရေးသားထားရာ ပရိသတ်ကြီးလည်း သတိထား ဆင်ခြင်ရအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T