ကွန်တိန်နာ အလုံး (၂၀၀)နဲ့ ကိုဗစ်လူနာ (၁၂၀၀)လောက်ထားရှိနိုင်အောင် ဆောက်လုပ်ထားတဲ့ လောက်ကိုင်မြို့က ကိုဗစ်စင်တာ

//s9.kh1.co/1e/1e1e67a5cc6e13864e8042976654c0a55c1e0ace.jpg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ကုသမှုတွေကို လက်ရှိ အာဏာရှင်တွေက လုံလုံလောက် လုပ်ဆောင်မပေးနိုင်တာကြောင့် ပြည်သူတွေက ကိုယ်ထူကိုယ်ထ ကိုဗစ်စင်တာတွေနဲ့ ဆေးပေးဆေးခန်းတွေကို တည်ဆောက်ပြီး လုပ်ဆောင်လာကြတာ တွေ့လာရပါတယ်။ ဒါ့အပြင် ပြည်နယ်တချို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေမှာ တိုင်းရင်းသားတွေက ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ နေရာတွေ ဖွင့်လှစ်လာခဲ့ကြပါတယ်။ 

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လောက်ကိုင်မြို့မှာ ရောဂါကူးစက်ခံရတဲ့ ပြည်သူတွေအတွက် ကိုဗစ်စင်တာတစ်ခုကို တည်ဆောက်ပြီးစီးတဲ့ မြင်ကွင်းတွေဟာ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။ ဒီကိုဗစ်စင်တာကိုတော့ "တောင်ညီနောင်"လို့ နာမည်ပေးထားသလို ကွန်တိန်နာ အလုံး (၂၀၀)နဲ့ ကိုဗစ်လူနာ (၁၂၀၀)လောက်ထားရှိနိုင်အောင် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ တစ်ခန်းချင်းဆီမှာ ရေချိုးခန်း၊ အိမ်သာ၊ ဘေစင်၊ ရေပူရေအေး၊ ကုတင်၊ မီးနဲ့ Air Con တွေကိုလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တာဝန်ရှိသူတွေက စင်တာမှာ ကိုဗစ်လူနာတွေကို စတင်ကုသပေးပြီလို့လည်း သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အဆိုပါ ကိုဗစ်စင်တာကို မြန်မာငွေ ကျပ်သိန်း (၉၀၀၀)ကျော်လောက် အကုန်ကျခံပြီး ကိုးကန့်ဒေသက စေတနာရှင် အမျိုးသမီးတစ်ဦးကပဲ လှူဒါန်းတည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ယခုလို ကိုဗစ်စင်တာကြီးကို ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ အလှူရှင်ကိုလည်း ပြည်သူတွေက ဆုမွန်ကောင်းတောင်းပေးလာကြတာ တွေ့မြင်ရပါတယ်။ကဲ..ပရိသတ်ကြီးရေ ဒီလိုကြည်နူးစရာကောင်းတဲ့ ကိုဗစ်စင်တာ ရဲ့ မြင်ကွင်းတွေကို ပြန်လည်ဖော်ပြပေးရင်း လှူဒါန်းပေးခဲ့တဲ့ အလှူရှင်ကိုလည်း ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T