မြန်မာနိုင်ငံအတွင်းမှာ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းကတော့ ကူးစက်မှုနှုန်းမြန်ဆန်နေတာဖြစ်လို့ရောဂါဖြစ်ပွါးသူ ထောင်ချီရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် ကိုဗစ်ကြောင့်သေဆုံးသူတွေလည်း တစ်နေ့ကို လူ(၈၀)ထက်မနည်း ဆုံးပါးနေတာကြောင့် မီးသင်္ဂြိုလ်မယ့်နေရာတွေမှာ ရုပ်အလောင်းတွေပြည့်နှက်လို့နေပါတယ်။ပြည်သူလူထုကတော့ ကိုဗစ်တတိယလှိုင်းမှာလည်း အချင်းချင်း ကူညီစောင့်ရှောက်ပေးပြီး ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်နေကြတာဖြစ်ပါတယ်။
ယခုလတ်တလောအခြေအနေကတော့ ကိုဗစ်လူနာတွေများပြားလာတာကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။စေတနာရှင်တွေကလည်း အောက်ဆီဂျင်လောက်ငှဖို့အတွက် တတ်နိုင်တဲ့နေရာကနေကူညီလှူဒါန်းပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ရွှေဗျိုင်းဖြူကုမ္ပဏီမှ လှူဒါန်းလိုက်တဲ့ အောက်ဆီဂျင်ကားကြီးကတော့ မြဝတီနယ်စပ်ကနေ မြောက်ဥက္ကလာ၊မေဓာဝီဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။လူနာတွေ အောက်ဆီဂျင်ရဖို့အတွက် ကားကိုမရပ်မနားမောင်းလာတဲ့ ကားဆရာကြီးရဲ့ကျေးဇူးကလည်း ကြီးမားလှပါတယ်။
ကားထဲမှာပါလာတဲ့ အောက်ဆီဂျင်ကတော့ 40L. အိုးကြီး ၃၀၀၀ ကျော်ပေးဝေနိုင်မှာဖြစ်ပြီး (၆ x ၃၀၀၀)-၁၈၀၀၀(10)L အိုး ရရှိမှာဖြစ်ပါတယ်။ကိုဗစ်လူနာတွေကို ဂရုဏာအပြည့်အဝထားပေးတဲ့ အလှူရှင်မိသားစုရဲ့စိတ်ဓာတ်ကလေးစားစရာကောင်းလှပါတယ်။မြောက်ဥက္ကလာ၊မေဓာဝီဆေးရုံသို့ အောက်ဆီဂျင်သယ်ဆောင်လာတဲ့ကားကြီးကို ကြည့်ပြီး ပြည်သူတွေလည်း ဝမ်းသာပျော်ရွှင်နေကြတာဖြစ်ပါတယ်။ကိုဗစ်လူနာတွေလည်း အမြန်ဆုံးပြန်လည်ကောင်းမွန်ပြီး မိသားစုနဲ့အတူ နွေးနွေးထွေးထွေးနေနိုင်ပါစေလို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit: Original Uploder
Source&Video Credit: Original Uploder