အောက်ဆီဂျင် အရေးပေါ်လိုအပ်နေတဲ့ သူတွေအတွက် အိမ်မှာပဲ အလွယ်တကူထုတ်လို့ရတဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/e9/e9d9ea56bc39e690558f5d4e1d49e7c6bbce42c9.jpg
နေ့စဉ်သတင်းများ

 ၁၅-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ရောဂါအခြေအနေတွေမှာ မြန်မာပြည်သူတွေကတော့ အောက်ဆီဂျင်ရှားပါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒီလိုပြဿနာတွေကြောင့် တချို့ပြည်သူတွေဟာ အောက်ဆီဂျင်ရနိုင်လောက်တဲ့ လုပ်နည်းလေးတွေကို အိမ်သုံးပစ္စည်းလေးတွေနဲ့ ပြုလုပ်ကြပြီး ပြန်လည်ဖော်ပြပေးကြတာလည်း တွေ့နေရပါတယ်။ ယခုမှာလည်း အရေးပေါ်အောက်ဆီဂျင်များ လိုအပ်လာရင် အိမ်မှာပဲ အလွယ်တကူ လုပ်လို့ရတဲ့ အောက်ဆီဂျင်လုပ်တဲ့ နည်းလမ်းလေးတစ်ခုကို ပြည်သူတစ်ဦးက မျှဝေလာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီနည်းလမ်းလေးကတော့ ကျွန်တော်တို့တွေ Grade -10 တုန်းက သင်ခဲ့ရတဲ့ ဓာတုဗေဒ သင်ရိုးထဲက အောက်ဆီဂျင်ထုတ်လုပ်တဲ့ နည်းလမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အောက်ဆီဂျင် ထုတ်လုပ်ဖို့အတွက် အဓိကလိုအပ်တဲ့ ပစ္စည်းလေးတွေက Hydrogen Peroxideနဲ့ Manganese(IV) Oxide အပြင် ထည့်ပြီးအသုံးပြုဖို့ ဖန်ခွက်လေးတစ်လုံးပဲ ဖြစ်ပါတယ်။ဒီပစ္စည်းလေးတွေကလည်း ဓာတုဗေဒရောင်းတဲ့ စျေးဆိုင်တွေမှာ စျေးနှုန်းသက်စွာနဲ့ အလွယ်တကူ ဝယ်ယူလိုရတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အောက်ဆီဂျင် လုပ်ပုံလုပ်နည်းကိုလည်း ဗီဒီယိုနဲ့တကွ သေချာရှင်းပြပြီး ပြောပြထားတာကြောင့် အလွယ်တကူ လုပ်လို့ရမယ်လို့လည်း ထင်ပါတယ်။ အခုချိန် အသက်ရှုရဖို့ အခက်အခဲဖြစ်နေတဲ့ လူနာတွေအတွက် အောက်ဆီဂျင်ပြဿနာ ကြုံတွေနေရတာတွေကို ဒီနည်းလမ်းလေးကလည်း အထောက်အကူပြုမိမှာတော့ အသေအချာပါပဲ ။ ဒီဗီဒီယိုလေးဟာ အောက်ဆီဂျင်အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် တန်းဖိုးရှိနိုင်တာကြောင့် ပြန်လည်အကျိုးပြုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T