ဒီမော့ဆိုမြို့လေးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့စဉ်က ရန်သူကို အမြစ်ပြတ် ချေမှုန်းခဲ့တဲ့ မှတ်တမ်းဗီဒီယိုဖိုင်အား ဝေမျှပေးလာတဲ့ KPDF ရဲဘော်တစ်ဦး

//s9.kh1.co/34/34bdd7dac6b20d3848904cfbcaac6ce762284694.jpeg
နေ့စဉ်သတင်းများ

 ၁၅-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်တွင် လွန်ခဲ့တဲ့ တစ်လကျော်လောက်က တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ပြည်သူများအားလုံးတောထဲသို့ စစ်ပြေးရှောင်ခဲ့ကြရပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်လေးတွေဟာ  ပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်တွေ  ထိခိုက်ဆုံးရှုံးမှုမရှိအောင် အတတ်နိုင်ဆုံး  ကြိုးစားတိုက်ပွဲဝင်ပေးခဲ့ကြတာ အားလုံးအသိပဲ  ဖြစ်ပါတယ်။  လက်ရှိမှာတော့ နှစ်ဘက်စလုံး အပစ်အခတ် ရပ်ထားတာကြောင့် အခြေအနေတည်ငြိမ်လျက် ရှိနေပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း လက်ရှိအချိန်တွင် ဘေးကင်းရာမှာ ခက်ခဲစွာ နေထိုင်နေကြရပေမယ့်လည်း တစ်ချက်မှ မညည်းညူခြင်းမရှိဘဲ ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေကြတာကိုအားတက်ဖွယ် မြင်တွေ့ရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်ခဲ့စဉ်ကာလတုန်းက ရန်သူကို အမြစ်ပြတ်ချေမှုန်းခဲ့ကြတာတွေကို မှတ်တမ်းဗီဒီယိုလေးတွေ ရိုက်ကူးထားပြီး မကြာသေးခင် နာရီပိုင်းလောက်က KPDF ရဲဘော်တစ်ဦးရဲ့ လူမှုကွန်ယက်တွင် ဝေမျှပေးထားတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ပြည်သူများမှလည်း KPDF ရဲဘော်လေးတွေရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ကြည့်ပြီး လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ အသက်အန္တရာယ်ကျရောက်မှာကိုပင် ပဓာနမထားဘဲ အစွမ်းကုန် ကြိုးစား တိုက်ပွဲဝင်ပေးနေကြတဲ့ လူငယ်လေးတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးရင်း ဒီဗီဒီယိုဖိုင်လေးကိုပါ တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T