ညဘက်ကြီး အောက်ဆီဂျင် အကူအညီတောင်းလို့ အခက်အခဲကြားက ရှာပေးခဲ့ပြီး လာပို့တော့မှ ဖုန်းကိုချပစ်ကာ စနောက်ခံခဲ့ရတဲ့ လူငယ်လေးတစ်ဦးရဲ့ အဖြစ်

//s9.kh1.co/10/10b4b72b2996d493e020941476f0f3ef230ab86e.jpeg
နေ့စဉ်သတင်းများ

 ၁၅-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

ကိုဗစ် ရောဂါကို အဆိုးရွားဆုံး ခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကုသရမယ့် နေရာတွေလည်း မရှိလို့ ရောဂါဒဏ်ကို အတော်လေး ရင်ဆိုင် ကြုံတွေ့နေရပါတယ် ။ ဘယ်လောက်တောင် အခြေအနေတွေ ဆိုးနေလည်းဆိုရင် တစ်အိမ်ထဲ မိသားစုလိုက် သေဆုံးလို့ Dead Body လာကောက်ပေးမယ့်သူတွေ မရှိလောက်အောင်ပါပဲ ။ ရန်ကုန်မြို့ရဲ့ ရေဝေး သုသာန် တွေမှာဆိုရင်လည်း မြင်ရက်စရာတောင်မရှိတဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေ ရာကျော်ချီနေပါပြီ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒါ့ကြောင့်လည်း ဒီထက်အခြေအနေတွေ မဆိုးလာအောင် ပြည်သူတွေ အချင်းချင်း တတ်နိုင်သလောက် ကူညီ ရိုင်းပင်းနေကြတာပါ ။ ဒီလိုကူညီပေးနေသူတွေဆိုရင်လည်း သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ပေးကာ ညဆိုရင်လည်း အစစ်အဆေးတွေကြားက မရရအောင် ကျော်ဖြတ်ပြီး လုပ်ဆောင်ပေးနေရတာပါ ။ ဒါကို တစ်ချို့တွေက တကယ် အကူအညီမလိုဘဲ စနောက်ကာ အပျော်သဘော လုပ်ရပ်တွေ လုပ်ဆောင်လာကြတာ တွေ့ရပါတယ် ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 

မနေ့ညကဆိုရင်လည်း လူငယ်လေးတစ်ယောက် သူကိုယ်တိုင်လည်း ရောဂါသယ်ဖြစ်ပေမယ့် အောက်ဆီလိုအပ်လို့ အကူအညီတောင်းခံလာတဲ့ စာတစ်စောင်ကြောင့် သူခမျာ ရစေချင်ဇောနဲ့ ရှိတဲ့ ဆိုင်ကယ်ကို မောင်းကာ ညကြီး အချိန်မတော်ရှာဖွေပေးခဲ့ပါတယ်။ အောက်ဆီဂျင်ရလို့ ပျော်ပြီး သွားပို့ပေးချိန်မှာ သူရဲ့ ဖုန်းကို ချပစ်ပြီး စနောက်ခံခဲ့ရတာကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရကြောင်းကို " ခုမှ မြို့ထဲကပြန်လာတာ အိမ်တောင်မပြန်ရသေးဘူး oxygen ရလာလို့ပျော်နေတာဗျာ ကျနော့ကိုမလိုပဲphလာမဆက်ပါနဲ့ တကယ်တောင်းပန်းပါတယ်ဗျာ ကို့ဟာနဲ့ကိုတောင် ရောဂါသည်ပါ ကျနော့မှာချမ်းသာတာဆိုလို့ ဆိုင်ကယ်နဲ့ လုပ်ပေးချင်စိတ်ပဲရှိတာ...မကြည့်ရက်လို့ကူညီနေတာပါဗျာ ခဗျားတို့ဗျာ ကျတော်ကျတဲ့မျက်ရည်ကကြောက်လို့ကျတဲ့မျက်ရည်မဟုတ်ဘူး အရမ်းဝမ်းနည်းရတယ် လူတွေကိုမုန်းလာပြီဗျာ ကျတော်ပင်ပန်းနေပြီးသားပါ " ရေးသားထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက် ဒီလူငယ်လေးရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T