ယနေ့မနက်ပိုင်းမှာ ဗုံး(၃)လုံးပေါက်ကွဲခဲ့ပြီး ဆီဘောက်ဆာယာဥ်တစ်စီး မီးလောင်ပျက်စီးသွားခဲ့တဲ့ မန္တလေးမြို့က နေရာတစ်နေရာ

//s9.kh1.co/d1/d1459abe8184749589dd42442947949324c1ee1e.jpg
နေ့စဉ်သတင်းများ

 ၁၄-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီမိုကရေစီကို လိုလားကြတဲ့ ပြည်သူတွေကတော့ အာဏာရှင်တွေကို နည်းမျိုးစုံနဲ့ ဆန္ဒပြနေကြသလို ရရာလက်နက်စွဲကိုင်ပြီး ပြောက်ကျားစနစ်ဖြင့် တော်လှန်နေကြတာ တွေ့ရပါတယ်။ လတ်တလောမှာလည်း အာဏာရှင်လူတစ်စုရဲ့ လက်ပါးစေတွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူး တွေနဲ့ သတင်းပေးဒလန်များကို အသက်သေဆုံးသွားတဲ့အထိ ပစ်သတ်ခံနေရတာတွေလည်းရှိလာခဲ့ပါတယ်။ ဒါ့အပြင် မြို့နယ်တိုင်းတွေမှာလည်း ဗုံးပေါက်မှုတွေကလည်း နေ့စဥ်ဆိုသလို ဖြစ်ပွားနေတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယနေ့ ဇူလိုင်လ(၁၄)ရက်နေ့ မနက်ပိုင်းမှာလည်း ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တဲ့ မန္တလေးမြို့မှာ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကတော့ မန္တလေးမြို့ လမ်း ၆၀၊ ၁၀၆×၁၀၇ စည်ပင်ရုံနားမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပျံ့နံ့လာတဲ့ သတင်းများက အဆိုပါစည်ပင်ရုံးနားမှာ တစ်ခါတည်း ဗုံး(၃)လုံးဆင့်ပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းရှိမရှိကို အကြောင်းစုံမသိရသေးပေမယ့် ဆီဘောက်ဆာယာဥ်တစ်စီးကတော့ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ယင်း ဗုံး(၃)လုံးပေါက်ကွဲခဲ့ပြီးနောက် အာဏာရှင်လူတစ်စုက လာရောက်စစ်ဆေးခဲ့ကာ လုံခြုံရေးတင်ကျပ်စွာ ချထားခဲ့တယ်လို့သိရပါတယ်။ ယနေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဥ်လေးကို ပရိသတ်တွေ ပြန်လည်သိရှိအောင် ဖော်ပြပေးလိုက်ရပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T