အကြောင်းပြချက်ကိုယ်စီနဲ့ Social mediaကို လုံး၀အသုံးမပြုကြတဲ့ ကိုရီးယားအနုပညာရှင် (၅)ဦး

//s9.kh1.co/5d/5db7ffff19be7b3da2245915b1a40619aa6963f0.jpg
ဖျော်ဖြေရေးများ

 ၁၀-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

Social mediaဆိုတာ အနုပညာရှင်တွေအနေနဲ့ ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးအရာတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း  Social mediaကိုလုံး၀အသုံးမပြုကြတဲ့ နာမည်ကြီးကိုရီးယားအနုပညာရှင်တစ်ချို့လည်းရှိနေတာတွေ့ရပါတယ်။ သူတို့အနေနဲ့လည်း social mediaကိုအသုံးမပြုကြတဲ့ အကြောင်းပြချက်ကိုယ်စီရှိကြတာလည်းတွေ့ရပါတယ်။ ပရိသတ်တွေအတွက် social mediaလုံး၀အသုံးမပြုကြတဲ့ ကိုရီးယားအနုပညာရှင် (၅)ဦးကို ဖော်ပြပေးချင်ပါတယ်။

Photo credit-Google
Photo credit-Google

နံပါတ် (၁)အနေနဲ့ မှင်စာလို့လူသိများကြတဲ့  Gong Yooပါ။ သူက သူ့ရဲ့ကိုယ်ပိုင်ဘ၀ကို အွန်လိုင်းပေါ်မှာထုတ်ဖော်ရတာကို မနှစ်သက်တဲ့အပြင် သူသတိမရလိုတဲ့အကြောင်းအရာတွေကို အွန်လိုင်းမှာ အမှတ်တရတွေအနေနဲ့မကျန်ခဲ့စေလိုကြောင်းလည်း ပြောထားတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

နံပါတ်(၂)အနေနဲ့ကတော့ ကိုရီးယားရဲ့ National MCအဖြစ်တင်စားခံရတဲ့ Yoo Jae Sukပဲဖြစ်ပါတယ်။ သူဟာ social mediaသုံးစွဲမှုကိုစွဲလမ်းလာမည်စိုး၍ တစ်နေ့တာလုံးအခြားအရာများမလုပ်မိမည်ကိုစိုးရိမ်‌တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Photo credit-Google
Photo credit-Google

နံပါတ် (၃)အနေနဲ့ကတော့ နာမည်ကြီးမင်းသား Song Joong Ki ဖြစ်ပါတယ်။ သူက နည်းပညာပိုင်းကျွမ်းကျင်တဲ့သူမဟုတ်တာကြောင့် social mediaအသုံးမပြုတာလို့သိရပါတယ်။ အေဂျင်စီကစီမံသော Instagram acc ရှိသော်လည်းသူ့ရဲ့ကိုယ်ပိုင်အကောင့်မရှိပါ။

Photo credit-Google
Photo credit-Google

နံပါတ်(၄)အနေနဲ့ကတော့ မင်းသမီးPark Bo Young ပါ။ သူမက စိတ်ခံစားမှုအရမ်းများပြီး ဒေါသထွက်လွယ်တဲ့သူဖြစ်တာကြောင့် social mediaအသုံးမပြုတာလို့သိရပါတယ်။ သူမက မကြာသေးမီက Instagram accတစ်ခုဖွင့်ခဲ့သော်လည်း ၎င်းသည်သူမရဲ့ ၀န်ထမ်းတွေနဲ့
အတူ BH Entertainment မှတွဲဖက်လုပ်ကိုင်ပေးထားတဲ့ accတစ်ခုဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

နံပါတ်(၅)အနေနဲ့ ဖော်ပြပေးချင်တာကတော့ Kang Dong Wonပါ။ သူ့အ‌နေနဲ့ social mediaကိုအသုံးမပြုရတဲ့ အကြောင်းရင်း သုံးမျိုးရှိတယ်လို့ဆိုထားပါတယ်။ သူဟာ social mediaက ဆက်သွယ်ရေးပုံစံတစ်မျိုးဖြစ်တယ်ဆိုတာ လက်မခံနိုင်တာရယ်၊ သူ့မှာ social mediaကနေတစ်ဆင့် မျှဝေစရာဘာမှမရှိတာရယ်၊ သူစိမ်းတွေနဲ့စကားမပြောချင်တဲ့ သူ့ရဲ့ personalityကြောင့်ရယ်လို့သိရပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T