Super juniorအဖွဲ့၀င် Heechulနဲ့ Twiceအဖွဲ့၀င် Momoတို့ဟာ relationshipသက်တမ်း ၁နှစ်နဲ့ ၆လအကြာမှာတော့ လမ်းခွဲလိုက်ကြပြီပဲဖြစ်ပါတယ်။ Heechulနဲ့ Momoတို့ဟာ 2020 :ဇန်နဝါရီ ၁ရက်နေ့မှာ သူတို့ရဲ့ relationshipကိုအတည်ပြုခဲ့ကြပြီး 18လအကြာမှာတော့ လမ်းခွဲလိုက်ကြပြီပဲဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

သူတို့နှစ်ဦးဟာ များပြားလွန်းတဲ့အချိန်ဇယားတွေနဲ့ အလုပ်တွေကြောင့်တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးနိုင်ဖြစ်ကာ လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ အခုလိုလမ်းခွဲလိုက်ကြပေမယ့်လည်း အနုပညာနယ်ပယ်မှာတော့ စီနီယာ၊ဂျူနီယာဆက်ဆံရေးအနေနဲ့ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

Photo credit-Twitter
Photo credit-Twitter

ဒီကိစ္စနဲ့ပက်သက်ပြီး Heechulရဲ့ အေဂျင်စီဖြစ်တဲ့ Label SJနဲ့ Momoရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainmentဘက်ကတော့ အခုထက်ထိတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Twitter

သတင်းအရင်းမြစ်: Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။