စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဆီ အန္တရာယ်အခက်အခဲတွေကြားက အရောက်သွားပြီး စောင့်ရှောက်ကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ

//s9.kh1.co/be/be400b8b0732ac3d875c41b40b23a7fb072db8ad.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

အခြေအနေတွေအမျိုးမျိုးကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်သူတွေတော်တော်များများကလည်း အသက်ဘေးအန္တရာယ်ကင်းလွတ်ဖို့အတွက် ရှိသမျှတွေကို စွန့်ပစ်ခဲ့ရပြီး တောထဲတောင်ထဲမှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်..။

နေအိမ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်နေကြတာကြောင့် အစစအရာရာခက်ခဲနေကြပြီး အစားအသောက်အပြင်နဲ့ နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ အကူအညီ အများအပြားလိုအပ်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Medical Family - Mandalay's Fb Page
Photo Credit - Medical Family - Mandalay's Fb Page
Photo Credit - Medical Family - Mandalay's Fb Page
Photo Credit - Medical Family - Mandalay's Fb Page

ပြည်သူတွေကတော့ စစ်ရှောင်နေသူတွေအတွက် အဘက်ဘက်ကနေ ပံ့ပိုးကာ လှူဒါန်းမှုတွေပြုလုပ်နေသလို ကျန်းမာရေးဝန်ထမ်းတွေကလည်း အခက်အခဲဖြစ်ပြီး ကုသမှုလိုအပ်နေသူတွေဆီ အရောက်သွားကာ ကူညီစောင့်ရှောက်နေကြတာ တွေ့ရပါတယ်..။

ကျန်းမာရေးမိသားစု - မန္တလေး၏ အရေးပေါ်ဆေးကုသရေးအဖွဲ့တွေဟာ ချင်းပြည်နယ်မှ စစ်ဘေးသင့်ပြည်သူများကို သွားရောက်ပြီးကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြပါတယ်..။

Photo Credit - Medical Family - Mandalay's Fb Page
Photo Credit - Medical Family - Mandalay's Fb Page
Photo Credit - Medical Family - Mandalay's Fb Page
Photo Credit - Medical Family - Mandalay's Fb Page

ကျန်းမာရေးမိသားစု - မန္တလေး အဖွဲ့ဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဆိုးသွမ်းရက်စက်မှုတွေကြောင့် ပင်ပန်းဆင်းရဲမှုတွေနဲ့ ဒုက္ခရောက်ကာ ပြေးလွှားရှောင်ပုန်းနေကြရတဲ့ မြန်မာနိုင်ငံ၊ ဒေသအသီးသီးမှ စစ်ဘေးသင့်ပြည်သူများအတွက် ဆေးပစ္စည်းများနဲ့ လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပေးပို့လှူဒါန်းနေတာလည်း ဖြစ်ပါတယ်..။

ထို့အပြင် အရေးပေါ်ဆေးကုသရေးအဖွဲ့များ ဖွဲ့စည်းပြီး ချင်းပြည်နယ်သို့ သွားရောက်ကာ စစ်ဘေးသင့်ပြည်သူများကို ဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းနဲ့ အရေးပေါ်ဆေးကုသနည်း သင်တန်းများ ပို့ချပေးနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Medical Family - Mandalay's Fb Page
Photo Credit - Medical Family - Mandalay's Fb Page
Photo Credit - Medical Family - Mandalay's Fb Page
Photo Credit - Medical Family - Mandalay's Fb Page

သတင်း အရင်းအမြစ်Medical Family - Mandalay's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T