ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ အနိုင်ရရှိဖို့အရေး ဘဝတွေကိုတောထဲမှာစတေး​ပြီး ဖြတ်သန်းနေကြတဲ့ လူငယ်တွေရဲ့အဖြစ်ကို ပြောလာတဲ့ ရဲဘော်တစ်ဦး

//s9.kh1.co/e6/e6fb8c1e21bb0d43c2bc306c89b95a085285eb6b.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေ​ဖော်ဝါရီ (၁)ရက် နေ့ကနေစပြီး အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူတွေ တင်မြောက်ထားတဲ့ အစိုးရကို ပယ်ချပြီး အာဏာသိမ်းယူခဲ့ပါတယ်။ ခုချိန်ထိလည်း အပြစ်မဲ့ ပြည်သူများစွာ သေဆုံးခဲ့ရပြီး ထောင်ထဲ ထိန်းသိမ်းခံထားရတဲ့သူတွေလည်း တနေ့ထက်တနေ့ များလာနေပါတယ်။ ဒါကြောင့် ပြည်သူတွေထဲမှ လူငယ်များဟာ အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်များဖွဲ့စည်းခဲ့ကြပါတယ်။ ထို့အပြင် လူငယ်တွေဟာ တောတောင်တွေထဲမှာ စခန်း၀င်လေ့ကျင့်ကာ ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ အနိုင်ရရှိဖို့အရေးကြိုးစားလျက်ရှိပါတယ်။ ခုဆိုရင်လည်း လူငယ်လေးတွေရဲ့ ခတ်ခတ်ခဲခဲဖြတ်သန်းနေရတဲ့ ဘ၀ကို ရဲဘော်တစ်ဦးက ခုလိုပဲ ပြောခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

" မုန်းစရာကောင်းတဲ့ မိုးရာသီ၊ သံယောဇဉ်‌ေတွ အကုန်ဖြတ်ပြီး အနေဆင်းရဲအစားဆင်းရဲနဲ့ လူငယ်တွေ၊ ဘ၀တွေကိုတောထဲမှာစတေးထားကြရ၊ ဒီတော်လှန်ရေးမပြီးမချင်း ရဲဘော်တွေ စိတ်ဓာတ်မကျသွားဖို့ အချင်းချင်းအားပေးရင်း ထမင်းတစ်အိုးအတူတူစားပြီး ရင်ဆိုင်ကျော်ဖြတ်နေတာ အမှန်တရားကိုပြန်ရချင်လို့ပါ... ဓမ္မနဲ့အဓမ္မပြိုင်တဲ့ပွဲမှာ အဓမ္မကိုအနိုင်ယူနိုင်ဖို့အတွက် ကြုံလာတဲ့အခက်အခဲကို ရင်ဆိုင်အံတုရင်း ကာလကြာသည်ဖြစ်စေ အားတင်းပြီး​ကျော်ဖြတ်ကြမယ် ဒါဟာနောက်ဆုံးပွဲပဲ အဆုံးသက်မှာ ငါတို့တွေ နိုင်ကိုနိုင်ရမယ်..." ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1056,q=100/f5/f518c60c90f07f9a8921eddebc71172ebecd17cb.jpg
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader

ထိုရဲဘော်ပြောသလိုပါပဲ တောတောင်တွေထဲ ‌‌ခုရောက်နေတဲ့ လူငယ်တွေဟာဆိုရင် မိမိတို့ရဲ့ သံယောဇဉ်တွေကိုဖြတ်ပြီး ဓမ္မနဲ့ အဓမ္မတိုက်ပွဲရဲ့အဆုံးသတ်မှာ အနိုင်ရရှိဖို့အတွက် အခတ်အခဲတွေကို ကြံကြံခံပြီး ကြိုးစားနေကြရတာပါ။ ခုလိုမတရားမှုအတွက် တောထဲသွားပြီး ခတ်ခတ်ခဲခဲ ရုန်းကန်ကြိုးစား‌ေနကြတာကြောင့် လေးစားဖို့ကောင်းတဲ့ လူငယ်တွေလို့ သတ်မှတ်ရင်လည်းမမှားပါဘူး။ တောတောင်တွေထဲမှာ စခန်း၀င်လေ့ကျင့်နေတဲ့ လူငယ်တွေကိုလည်း ဘေးကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit-Orginal Uploader

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T