လတ်တလော နေရာဒေသတချို့တွေမှာ လူငယ်အများစုဖွဲ့စည်းထားတဲ့ PDF တပ်တွေက စစ်ကောင်စီနဲ့ ပတ်သက်တဲ့အရာဟူသမျှကို အဓိကထားပြီး ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေတာကို တွေ့မြင်ရပါတယ်။ ယခုမှာလည်း ဇွန်လ (၁၄)ရက်နေ့တွင် မန္တလေးPDF အဖွဲ့က စစ်ကောင်စီကို အထောက်ပံ့ပေးနေတဲ့ ဌာနဆိုင်ရာနေရာကို ဖောက်ခွဲချေ မှုန်းသွားဖို့အတွက် မန္တလေးမြို့သူ၊မြို့သားများကို မေတ္တာရပ်ခံထားတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
ယင်း ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ နဲ့ စစ်အုပ်စု ကို အထောက်ပံ့ပေးနေတဲ့ ဌာနဆိုင်ရာနေရာတွေကို ဖောက်ခွဲ ချေမှုန်းသွားမှာဖြစ်ကြောင်း၊ ၎င်းတို့ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်စိမ်ကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာသင်ကျောင်း ၊ ဆေးရုံ ၊ ဈေး စတဲ့ နေရာတွေကို ဖောက်ခွဲတိုက်ခိုက်မှာ မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှုဖြစ်ထားတဲ့နေရာတွေကို သွားရောက်ကြည့်ရှုခြင်းမလုပ်ဖို့ သတိပေးထားသလို ပြည်သူ့ရဲ၀န်ထမ်းများအနေနဲ့ အမြန်ဆုံး CDM လုပ်ပြီး ပြည်သူတွေနဲ့ အတူပူပေါင်းပေးပါဖို့၊ ပြည်သူတွေအနေနဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး အထူးအလေးထား ပြင်ဆင်ထားပေးဖို့အတွက်လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။ လတ်တလောမှာ မန္တလေးမြို့တွင် စစ်အာဏာရှင် ကျရှုံးရေးအတွက် လူထုလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေသလို ဗုံးပေါက်ကွဲမှုကလည်း နေ့စဥ်ဖြစ်ပွားနေတယ်လို့ ကြားသိရပါတယ်။ မန္တလေး PDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကိုတော့ ပရိသတ်တွေ ပြန်လည်ဖတ်ရှု့လို့ရအောင် အောက်မှာဖော်ပြပေးထားပါတယ်။
သတင်း အရင်းအမြစ်៖ Source - Original Upload