ပြည်သူတွေကို ကယ်ထုတ်ပေးရင်း ကျဆုံးသွားတဲ့ ဒုဗိုလ်ရှေးဖဲရဲ့ စျာပနအခမ်းအနားကို ပြင်ဆင်ပေးကာ ရဲဘော်များကဂုဏ်ပြုပေးခဲ့တဲ့ စိတ်မကောင်းစရာ ဗီဒီယို

//s9.kh1.co/a4/a431e928aa5e4498cb0d662ce0dafee25c4a5415.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဇွန်လ (၁၁)ရက်နေ့က ကယားပြည်နယ် ၊ ဒီးမော့ဆိုမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ၃နာရီကျော်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျေးရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးရင်း KNPP တပ်သား တစ်ဦး အသက်ပေးရလိုက်တယ်ဆိုတဲ့ သတင်းလေးကတော့ လူမှုကွန်ယက်မှာ ပြည်သူတွေအကြားပျံ့နှံ့သွားခဲ့ပါတယ်။ ပြည်သူတွေကို ကယ်ထုတ်ရင်း အသက်ပေးလိုက်ရတဲ့ KNPP ရဲဘော် ဒုဗိုလ်ရှေးဖဲ ဟာ မကြာသေးမှီ ရက်ပိုင်းလောက်ကမှ ဒီးမော့ဆိုကို တာဝန်နဲ့ပြန်လာသူပဲ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

၎င်းရဲ့တာဝန်ကတော့ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးရပြီး တာဝန်ထမ်းဆောင်နေရတဲ့ အချိန်မှာ ပြည်သူ(၁၀၀)ကျော်ကို ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ သေဆုံးချိန်မှာတော့ အသက် (၃၀)သာရှိသေးပြီး ဇနီးနဲ့ ရင်သွေးငယ် ကျန်ရစ်ခဲ့တယ်လို့လည်း ကြားသိရပါတယ်။ ယခုမှာလည်း ဇွန်လ (၁၂) ရက်နေ့လေးမှာ အာဇာနည် သူရဲကောင်း ဒုဗိုလ်ရှေးဖဲ ရဲ့ စျာပနအခမ်းအနားပြင်ဆင်ပေးနေတဲ့ မှတ်တမ်းတင် ဗီဒီယိုလေးကလည်း လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့တာတွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီဗီဒီယိုထဲမှာတော့ ကျဆုံးသွားတဲ့ KNPP ရဲဘော် ဒုဗိုလ်ရှေးဖဲရဲ့ စျာပနအခမ်းအနားကို ပြင်ဆင်ပေးခဲ့ပြီး မိဘဆွေမျိုးများနှင့် ရဲဘော်များက တက်ရောက်ဂုဏ်ပြုပေးခဲ့တာကို တွေ့ရပါတယ်။ KNPP ရဲဘော် ဒုဗိုလ်ရှေးဖဲဟာ ကရင်နီပြည်သူတွေအပြင် မြန်မာပြည်သူတွေရဲ့ ဂုဏ်ပြုထိုက်တဲ့ အာဇာနည်သူရဲကောင်း တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ကဲ..ပရိသတ်ကြီးရေ အာဇာနည်သူရဲကောင်း KNPP ရဲဘော် ဒုဗိုလ်ရှေးဖဲကို ဂုဏ်ပြုပေးရင်း စျာပနအခမ်းအနားကျင်းပခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=308,q=100/c4/c4921095a48e8a9bcb4ed420f41ab562c9b91b33.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://fb.watch/66yPCIyCnY/

သတင်း အရင်းအမြစ်VideoCredit & Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T