ခရမ်းကုန်းခံတပ်ကို ဖြိုခွင်းခံရစဉ်က ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းနှစ်ဦးရဲ့ (၃)လပြည့်ခဲ့တဲ့နေ့လေးမှာပဲ ပြည်မြို့သူ၊မြို့သားများကို မေတ္တာရပ်ခံလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/62/62b43baaad31e7160c13e3ecb82aff6582e33029.jpg
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှုတွေကို ဘက်ပေါင်းစုံက ပြည်သူတွေက တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလူထုလှုပ်ရှာမှုတွေ ပြုလုပ်ရင်း စစ်ကောင်စီလက်အောက်ခံတွေရဲ့ ပစ်ခတ်၊ဖမ်းဆီးမှုတွေကြောင့် သေဆုံးသူဦးရေ (၈၀၀)ကျော်လာခဲ့သလို ဖမ်းဆီးခံထားရသူပေါင်း (၅၀၀၀)နီးပါးလောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် သေဆုံးသွားခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်လည်း ပြည်သူတွေက အမှတ်တရလေးတွေနဲ့ လွမ်းဆွတ် ဂုဏ်ပြုပေးကြတာကို တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယနေ့ ဇွန်လ (၁၃)ရက်နေ့မှာတော့ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီလက်အောက်ခံတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲဝံ့စွာ ရှေ့တန်းမှာနေပြီး အသက်ပေးသွားခဲ့တဲ့ ပြည်မြို့က သူရဲကောင်းနှစ်ယောက်ရဲ့(၃)လပြည့်ခဲ့တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ယင်းသူရဲကောင်း နှစ်ဦးကတော့ ထက်မြတ်အောင် နဲ့ ဖြိုးဝေယံကျော်တို့ဖြစ်ပြီး မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန် ပြည်မြို့က ခရမ်းကုန်းခံတပ်ကို ဖြိုခွင်းခံရစဉ်တွင် စစ်ကောင်စီမှပစ်ခတ်မှုကြောင့် အသက်ငယ်ငယ်ရွယ်ရွယ် နဲ့ အသက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

၎င်းသူရဲကောင်းနှစ်ယောက်ရဲ့ ကျဆုံးခြင်း (၃)လပြည့် အထိမ်းအမှတ်ဖြင့် ပြည်မြို့သူ၊မြို့သားများကလည်း သူတို့ရဲ့ နောက်ဆုံးခရီးက အမှတ်တရ ပုံလေးတွေနဲ့ လွမ်းဆွတ်ဂုဏ်ပြုဖော်ပြပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတစ်ဦးကလည်း သူရဲကောင်းနှစ်ယောက်ရဲ့ အသက်ပေးရလောက်တဲ့အထိ စတေးမှုတွေကို အလဟာသမဖြစ်စေဖို့နဲ့ တော်လှန်ရေးကို ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်ပေးကြဖို့ ပြည်မြို့သူ၊မြို့သားတို့ကို မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးလည်း တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ပြည်မြို့က သူရဲကောင်း ထက်မြတ်အောင် နဲ့ ဖြိုးဝေယံကျော်တို့ကို ဆုတောင်းမေတ္တာပို့သပေးပါဦး။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T