ပြည်သူ(၁၀၀)ကျော်ကို အသက်ပေးပြီး ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးသွားခဲ့တဲ့ KNPP ရဲဘော် တစ်ဦးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်

//s9.kh1.co/bf/bf0dda20e8da9f43f4e51b45addcb5c8161675b5.jpg
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ် ၊ဒီးမော့ဆို​မြို့က ကရင်နီပြည်တိုက်ပွဲမှာ ပြည်သူတွေကိုကယ်ထုတ်ရင်း KNPP တပ်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ (၁၁)ရက်နေ့က ဒီးမော့ဆို့မြို့ ဒေါခူလီရွာ အရှေ့ဘက် (၂)မိုင်ခန့်သို့ ဦးတည်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ် KNPP တို့အကြား ၃နာရီကျော်ကြာတဲ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။ ယင်းတိုက်ပွဲကြောင့် KNPP တပ်က ဒုဗိုလ် ရှေးဖဲတို့ဟာ ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ရှေးဖဲ​ရဲဘော် မကျဆုံးမီအချိန်ထိ တိုက်ပွဲအတွင်းမှာ စစ်ဘေးရှောင်ပြည်သူ (၁၀၀) ကျော်ကိုဘေးကင်းလုံခြုံရာ နေရာသို့ပို့ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ဒီတိုက်ပွဲအတွင်း ပြည်သူတွေကို ကယ်ထုတ်ပေးရင်း အသက်ပေးလိုက်ရတဲ့ ဒုဗိုလ်ရှေးဖဲနှင့် အာဇာနည်ရဲဘော်အားလုံးကို KNPPတပ်သားများက ဦးညွတ်အလေးပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒုဗိုလ်ရှေးဖဲ သေဆုံးချိန်မှာတော့ အသက် (၃၀) နှစ်ရှိပြီး ဇနီးနှင့် ရင်သွေးငယ် သားတစ်ဦးသာ ကျန်ရစ်ခဲ့ကြောင်း ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

၎င်းဟာ ဒီးမော့ဆိုအရှေ့ခြမ်းဇာတိဖြစ်ပြီး KNPP တပ်ကို ၂၀၁၃ခုနှစ်တွင် ဝင်ရောက်ခဲ့ကာ အခြေခံစစ်ပညာများ တက်ရောက်ခဲ့သူပဲ ဖြစ်ပါတယ်။ လူမှုကွန်ယက်တွေမှာလည်း ဒုဗိုလ်ရှေးဖဲ ကျဆုံးသွားတဲ့ သတင်းဟာ ပျံ့သွားခဲ့ပြီး ပြည်သူများက စိတ်မကောင်းစွာနဲ့ ဆုမွန်ကောင်းတောင်းပေးနေတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေအတွက်လည်း ကျဆုံးသွားတဲ့ KNPP ရဲဘော် ဒုဗိုလ်ရှေးဖဲရဲ့ စိတ်မကောင်းစရာ သတင်းလေးကို ပြန်လည်ဖော်ပြရင်း မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T