ရိက္ခာနဲ့ ဆေးဝါးတွေအပြင် ကားတွေပါ ရစရာမရှိအောင် မီးရှို့ဖျက်စီးခံလိုက်တာကြောင့် ပြာပုံဖြစ်သွားရတဲ့ အဖြစ်အပျက်ပုံရိပ်များ

//s9.kh1.co/8b/8b4d6d20c1de0344c21d94676cd88a929b196010.jpeg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၄ နှစ် က

..

မိုးဗြဲမြို့မှာ စစ်ရှောင်ပြည်သူတွေအတွက် ပို့ပေးမယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအပြင် ကားတွေကိုပါ ဇွန်လ(၁၀)ရက်နေ့ ညက စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်..။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့၊ လွယ်ရင်းတောင် စစ်ဘေးရှောင်စခန်းကို ပေးပို့မယ့် ဆန်နဲ့ ဆေးပစ္စည်းများအပါအဝင် ​ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ကားတစ်စီးကိုပါ မီးရှို့ဖျက်စီးခဲ့ကြတာပါ..။

Photo Credit
Photo Credit
Photo Credit
Photo Credit

​စစ်ရှောင်ပြည်သူများအတွက် စေတနာရှင်တွေလှူဒါန်းလိုက်တဲ့ ဆန်အိတ်(၈၀)နဲ့ ဆေးဝါးပစ္စည်းတွေကို လမ်းမှာတင် ဖမ်းဆီးဖျက်စီးခဲ့ကြတဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ရိက္ခာနဲ့ ဆေးဝါးတွေ စစ်ဘေးရှောင်ပြည်သူတွေဆီ မရောက်နိုင်ခဲ့လို့ အားလုံးတွေက စိတ်မကောင်းဖြစ်နေကြတာပါ..။

ရစရာမရှိအောင် မီးရှို့ဖျက်စီးခံလိုက်ရတာကြောင့် ပြာပုံဖြစ်သွားရတဲ့ ရိက္ခာတွေဟာ စစ်ရှောင်ပြည်သူတွေအတွက် လူ(၅၀၀)ခွဲတမ်း ရှိတာဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit

မိုးဗြဲမြို့မှာ မေလပိုင်းက စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း မိုးဗြဲမြို့နယ်ရှိ ဒေသခံပြည်သူများရဲ့ အိမ်တွေကို မီးရှို့ဖျက်စီးပြီး နေအိမ်ရှိပစ္စည်းများကို ယူဆောင်သွားခဲ့ကြပါတယ်..။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် မိုးဗြဲ၊ လွိုင်ကော်၊ စံပြခြောက်မိုင်ကျေးရွာ၊ ဒီးမော့ဆို အစရှိသည့်မြို့နယ်များအတွင်းမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင်ဦးရေ တစ်သိန်း ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T