စားဝတ်နေရေးခက်ခဲတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က အိမ်ထောင်စု (၄၅၀) အတွက် လှူဒါန်းပေးခဲ့တဲ့ အလှူရှင်တွေရဲ့ပြောင်မြောက်လွန်းတဲ့ စေတနာ

//s9.kh1.co/91/91a99db232fadac2df6aea8fb0a5666f28621a53.png
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိအချိန်မှာလူတိုင်းနီးပါးခက်ခဲကျပ်တည်းနေကြတဲ့အချိန်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်က အခြေခံလူတန်းစားတွေအတွက် စေတနာရှင်တွေစုပေါင်းပြီး ငါးမြစ်ချင်း ပိဿအချိန် (၃၀၀) လှူဒါန်းခဲ့ကြပါတယ်။ ဟင်းတစ်နပ်စာမကတဲ့ ဒီအလှူဟာ အခြေခံလူတန်းစားတွေအတွက် အရမ်းကိုအဆင်ပြေတဲ့ အခြေအနေတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဈေးသွားဈေးလာတွေရဲ့ ပီတိဖြစ်ရတဲ့အပြုံးဟာ အလှူရှင်တွေအတွက် နောက်ထပ်သဒ္ဓါတရားပေါ်ပေါက်လာစေဖို့ တွန်းပို့နေသလိုပါပဲ။ အလှူရှင်တွေရဲ့ စုပေါင်းစေတနာကို Team KG က အကျိုးဆောင်ပြီး လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - Kyaw Swar Myint's FB Acc
Photo Credit - Kyaw Swar Myint's FB Acc
Photo Credit - Kyaw Swar Myint's FB Acc
Photo Credit - Kyaw Swar Myint's FB Acc

လှူဒါန်းခဲ့တဲ့ ကြည်နူးစရာပုံရိပ်တွေကို " ယနေ့ (၁၁-၆-၂၀၂၁)အတွက် အလှူရှင်များနဲ့ အကျိုးဆောင် ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းပေးသူများအပေါ် မေတ္တာမုဒိတာပွားလျက် သာဓု သာဓု သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါတယ် ၁။ ဦးတင်လှိုင် မိသားစု(စင်္ကာပူ)မှ ငါးမြစ်ချင်း ပိသာ အချိန် (၁၀၀) ၊ ၂။ ဦးတင်ထွန်းဆိုင်+ဒေါ်မြင့်မြင့်ခိုင်၊ သားကြီးမင်းသစ်ဆိုင်နှင့်သားငယ် ဟန်သစ်ဆိုင်မိသားစု (စင်္ကာပူ) မှ မောင်မင်းသစ်ဆိုင် မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် ငါးမြစ်ချင်း ပိသာအချိန် (၁၀၀) နှင့် ၃။ ကွယ်လွန်သူ ဖခင် ဦးမျိုးအောင်အားရည်စူး၍ ကိုနိုင်လင်းအောင်+မမေချိုအောင်၊ သမီးမမြသားနိုင်နှင့် သားမောင်ထွဋ်လင်းညီ မိသားစုတို့မှ ငါးမြစ်ချင်း ပိသာ အချိန် (၁၀၀) (၉၄)ရပ်ကွက်၊ စိန်ပမ်းလမ်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ထောင်စု (၄၅၀) အား အလှူရှင်များကိုယ်စား Team_KG မှ လှူဒါန်းပေးခဲ့ပါ သည်။

Photo Credit - Kyaw Swar Myint's FB Acc
Photo Credit - Kyaw Swar Myint's FB Acc
Photo Credit - Kyaw Swar Myint's FB Acc
Photo Credit - Kyaw Swar Myint's FB Acc

အလှူရှင် မိသားစုများ အားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းမြ့ပျော်ရွှင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ " ဆိုပြီး Team KG က ဝေမျှခဲ့ပါတယ်။ စေတနာနဲ့ငွေကြေးစိုက်ထုတ်ပေးတဲ့ အလှူရှင်တွေဟာ ပရဟိတအကျိုးတော်ဆောင်တွေကြောင့် လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေရဲ့ ကွက်လပ်တွေကို အနည်းငယ်ဖြည့်တင်းပေးနိုင်ခဲ့ပါ တယ်။ စားဝတ်နေရေးမပြေလည်ကြတာများတဲ့ အခုလိုအချိန်ခါမျိုးမှာ ဟင်းတစ်ခွက်စာကို အပြင်ထွက်စရာမလိုဘဲ အိမ်မှာအေးအေးလူလူစားနိုင်တော့မှာမို့ အလှူလက်ခံသူတွေဟာလည်း ဝမ်းသာအားရပါပဲ။ အိမ်ရှင်မတွေရဲ့ ကြည်နူးပီတိအပြုံးတွေဟာ အလှူရှင်တွေရော အကျိုးဆောင်တွေပါအပြင် ကြည့်မိသူတိုင်းကိုလည်း ထပ်တူပီတိဖြစ်စေနိုင်ခဲ့တယ် ဆိုတာ ပုံရိပ်တွေက သက်သေပါပဲ။

Photo Credit - Kyaw Swar Myint's FB Acc
Photo Credit - Kyaw Swar Myint's FB Acc
Photo Credit - Kyaw Swar Myint's FB Acc
Photo Credit - Kyaw Swar Myint's FB Acc

သတင်း အရင်းအမြစ်Kyaw Swar Myint's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T