ဆိုးရွားလှတဲ့ ကံကြမ္မာနဲ့ ၅၈ နှစ်ကြာမှ ပြန်တွေ့ခွင့်ရခဲ့တဲ့ သားအဖနှစ်ယောက်

//s9.kh1.co/da/da495135c7166bb912114a358129db3247c4f47f.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်နိုင်ငံက Mr Luo လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ ၅၈ နှစ်လောက်က မီးရထားဘူတာရုံ တစ်ခုမှာ သူ့ရဲ့ အသက် ၂ နှစ်အရွယ်သားလေးကို ပျောက်ဆုံးသွားခဲ့ပါတယ်။

အဲ့အချိန်ကနေစပြီး Luo ဟာ သူ့ရဲ့သားလေးကို

သတင်းစာထဲမှာရော ၊ မီဒီယာတွေပေါ်မှာရော ၊ အင်တာနက်ပေါ်ကနေရော နည်းလမ်းမျိုးစုံသုံးပြီး ရှာခဲ့ပေမယ့် ဘယ်လိုမှရှာမတွေ့ခဲ့ပါဘူး။

https://s9.kh1.co/__image/w=615,h=417,q=100/d1/d121cb587f4f38c953e15567f1f94efb7194176c.jpg

၂၀၁၅ ခုနှစ်လောက်မှာတော့ တရုတ်နိုင်ငံအတွင်းမှာ နောက်ဆုံးပေါ် DNA စစ်းဆေးခြင်းနည်းပညာကို အသုံးပြုပြီးလူရှာတဲ့နည်းကို စတင်အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ Mr Luo နဲ့ သား​ဖြစ်သူ Fu လို့ခေါ်တဲ့ အမျိုးသားရဲ့ DNA ကကိုက်ညီပြီး သားအဖဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ဇွန်လ ၈ ရက်နေ့အရောက်မှာတော့ ၅၈ နှစ်လောက်ကွဲကွာသွားတဲ့ သားအဖနှစ်ယောက်ဟာ ပြန်ဆုံနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=416,q=100/2d/2d2e3ebccc57cf3ad0f523967ce516f3c0616693.jpg

Fu ဟာရထားဘူတာမှာပျောက်သွားပြီးနောက်မှာ Shanghai ကိုပါသွားခဲ့ပြီး မွေးစားမိဘတွေနဲ့ အတူတူနေနေခဲ့တာပဲ ဖြစ်ပါတယ်။

ပျောက်ဆုံးသွားတဲ့ အသက် ၂ နှစ်အရွယ်ကလေးလေး Fu ဟာ ဖခင်ဖြစ်သူနဲ့ ပြန်တွေ့ချိန်မှာတော့ အသက် ၆၀ အရွယ်ရောက်နေခဲ့ပါပြီ။

လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုထဲမှာဆိုရင်လည်း သားအဖနှစ်ယောက်လုံးဟာ ဝမ်းသာလွန်းလို့ကျတဲ့ မျက်ရည်ကိုယ်စီနဲ့ တစ်ယောက်ကိုတစ်ယောက်ဖက်ထားတာက တကယ့်ကို ကြည်နူးရတဲ့ မြင်ကွင်းတစ်ခုပါပဲ။

ဗီဒီယိုလေးထဲမှာ သားအဖနှစ်ယောက်ရဲ့ ခံစားချက်တွေ ဘယ်လောက်တောင် ပေါ်လွင်နေလဲဆိုတာ ပရိသတ်​​​တွေကိုယ်တိုင် ကြည့်ရှုလို့ရအောင်ပါ ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Daily Star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T