ထိုင်းနိုင်ငံထဲခိုးဝင်ပြီး အလုပ်သွားရောက်လုပ်ကိုင်တာကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ မြန်မာအလုပ်သမားတွေရဲ့ သတင်းတွေ လူမှုကွန်ယက်ထက်မှာ မကြာခဏတွေ့မြင်နေရပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားအပြီး မြန်မာပြည်ရဲ့ စီးပွားရေးဟာ လုံးဝထိုးကျသွားခဲ့ပြီး အလုပ်လက်မဲ့ဦးရေပိုမိုများပြားလာခဲ့ပါတယ်။မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးပြီး ဝမ်းစာရှာဖွေဖို့တောင် ခက်ခဲတဲ့အခြေအနေတွေကြောင့် ပြည်သူတွေဟာ စွန့်စွန့်စားစားနဲ့ ထိုင်းနိုင်ငံထဲခိုးပြီး အလုပ်သွားလုပ်ကြရင်း အခုလိုဖမ်းဆီးခံနေရပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နယ်ခြားသောင်ရင်းချောင်းကို ဖြတ်ပြီး ညဘက်ခိုးကူးခဲ့လို့ (၁၂)ဦး ဖမ်းဆီးခံခဲ့ရကာ ထိုင်းအာဏာပိုင်တွေရဲ့ အရေးယူခြင်းကိုခံခဲ့ရပါတယ်။ ဇွန်လ(၁၀)ရက်နေ့ မနေ့ကလည်းထိုင်းနိုင်ငံကန်ချနဘူရီခရိုင်ဘက်မှာ မြန်မာအလုပ်သမား(27)ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ မြန်မာပြည်သူတစ်ယောက်ကတော့ နေ့တိုင်းလိုလိုဖမ်းဆီးခံနေရပြီး ဖမ်းဆီးခံရရင် ထောင်ဒဏ်တစ်နှစ်ကနေ နှစ်နှစ်ထိ ပြစ်ဒဏ်ကျခံရတာကြောင့် ထိုင်းနိုင်ငံထဲကို အောက်လမ်းကနေခိုးဝင်မသွားကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။



အဆိုပါပြည်သူတစ်ဦးက " ထိုင်းကို ကယ်ရီနဲ့အောက်လမ်းကနေ လုံးဝ မဝင်ကြပါနဲ့ နေ့တိုင်းလိုလို ဖမ်းခံထိနေကြတာပါ။(10-6-2021)ရက်နေ့ကကန်ချနဘူရီခရိုင်ဘက်မှာ (27) ဦး၊လွန်ခဲ့တဲ့ သုံးရက်ကမဲဆောက်ဘက်ကနေ ခိုးဝင်တာ (11) ဦးယခင်ရက်ပိုင်းကလည်းနယ်ခြားသောင်ရင်းချောင်းကို ဖြတ်ပြီးညဘက်ခိုးကူးလို့ ဖမ်းမိတာ (12)ဦး အားလုံး ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခံရပြီး အရေးယူခံထားရပါတယ်၊ ဒီထဲက တချို့ဆိုရင် အနည်းဆုံး ထောင်ဒဏ် တစ်နှစ်ကနေ နှစ်နှစ်ထိ ပြစ်ဒဏ်ကျခံရပါလိမ့်မယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder

