ကျည်တစ်တောင့်နဲ့ ရန်သူကို ထိချက်မှန်စေရန် အစွမ်းကုန် လေ့ကျင့်နေကြတဲ့ မိုးဗြဲက PDF တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/f3/f38fcf12f3a918bea7f5f9221b06411427e51a5e.jpeg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

........

Generation XYZ လူငယ်များကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ သူက လမ်းမပေါ်ထွက်ကာ ရဲရဲဝင့်ဝင့် ပြသလို လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ သူတွေကလည်း တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အတွက် စစ်သင်တန်း တက်ရောက်ကာ ရှေ့တန်းကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ် ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်အားလုံးကတော့ ရည်မှန်းချက်ကိုယ်စီ အတတ်ပညာကိုယ်စီ ရှိကြပေမယ့် ဒီလိုအခြေအနေတွေမှာတော့ သူတို့ရဲ့ အိမ်မက်တွေကို စွန့်လွှတ်ကာ တော်လှန်ရေးကြီးအတွက် ပါဝင်နေကြတာဖြစ်ပါတယ်။တောထဲမှာ စစ်သင်တန်း တတ်ရောက်နေတဲ့ လူငယ်တွေ ဆိုရင်လည်း အရင်က မိဘအိမ်မှာ လိုလေသေး မရှိအောင် နေရပေမယ့် ခုဆို တောတောင်ထဲမှာ အဆင်ပြေသလိုနေနေကြရတာပါ ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီရက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတာကြောင့် PDF လေးတွေကလည်း အစွမ်းကုန် ခုခံကာကွယ်ပေးနေကြပါတယ် ။ တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်မှုကို အနိုင်ပြန်လည် တိုက်ခိုက်နိုင်ဖို့အတွက်လည်း အစွမ်းကုန်လေ့ကျင့်နေကြသလို တိုင်းရင်းသား ရဲဘော်တွေကလည်း သေသေချာချာ သင်ကြားပေးနေကြတာကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာ  ။ ပရိသတ်ကြီးအတွက် မိုးဗြဲက PDF လေးတစ်ဦးကို သေနတ်ပစ်နည်း သင်ကြားပေးနေတဲ့ ဗီဒီယိုလေးကို  ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T