လွမ်းရေးထက် နိုင်ငံ့အရေးကို ဦးစားပေးခဲ့ရတဲ့ ရှေ့တန်းရောက်လူငယ်တွေရဲ့ခံစားချက်ကို သီချင်းရေးစပ်သီဆိုထားတဲ့ Gen Z လေးတွေရဲ့ဗီဒီယို

//s9.kh1.co/4e/4e2ab50abe32e33c6f4170b9e7a57eba8f32f2ad.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

လွမ်းရေးထက် နိုင်ငံ့အရေးကို ဦးစားပေးခဲ့ရတဲ့ ရှေ့တန်းရောက်လူငယ်တွေရဲ့ခံစားချက်ကို သီချင်းရေးစပ်သီဆိုထားတဲ့ Gen Z လေးတွေရဲ့ဗီဒီယို

လူငယ်တွေကတော့ တိုင်းပြည်နဲ့ လူမျိုးရဲ့အနာဂတ်တွေ သာယာလှပနိုင်ဖို့အတွက် နွေဦးတော်လှန်ရေးပွဲကြီးမှာ တတ်နိုင်တဲ့နေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ ငယ်ရွယ်သေးတဲ့ လူငယ်တွေထဲက တစ်ချို့ကတော့ သူတို့ရဲ့အလုပ်တွေ၊ ဝါသနာတွေနဲ့ မိသားစုတွေကိုပါ စွန့်လွှတ်ပြီး တောထဲမှာ စစ်ပညာသင်ယူခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်ကိုတောင် ပေးဆပ်ဖို့ ဝန်မလေးကြတဲ့ လူငယ်တွေက သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်ကို အားတင်းခံပြီး အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေက အမှန်တရားဘက်ကနေ ရပ်တည်နေတာ ဖြစ်ပါတယ် ။ အခုလည်း ရှေ့တန်းရောက် လူငယ်တစ်စုက သူတို့ရဲ့ခံစားချက်တွေကို သီချင်းရေးစပ်ပြီး ပြည်သူတွေကို သီဆိုပြခဲ့တာ ဖြစ်ပါတယ် ။ သူတို့ကတော့ လွမ်းရေးထက် နိုင့်ငံအရေးကို ဦးစားပေးနေတဲ့ လူငယ်တွေရဲ့ခံစားချက်ကို သီချင်းလေးနဲ့ ဖော်ပြလိုက်ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သီချင်းလေးရဲ့နာမည်ကတော့ "မေ"ဖြစ်ပြီး ရှေ့တန်းရောက် လူငယ်တွေကပဲ ကိုယ်တိုင်သီဆိုပြထားတာ ဖြစ်ပါတယ် ။ ဂီတာလေးတီးပြီး ခံစားချက်အပြည့်နဲ့ သီဆိုနေတဲ့ လူငယ်လေးတွေရဲ့ဗီဒီယိုကလည်း အခုဆိုရင် ပြည်သူတွေရဲ့စိတ်ဝင်တစား အားပေးမှုကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ် ။ သူတို့ရဲ့ဘဝကို သီချင်းရေးစပ်ပြီး ဆိုပြခဲ့ကြတဲ့ ရှေ့တန်းက Gen Z လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T