ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးရဲ့ရုပ်ကလာပ်ကို ကျောင်းတိုက်သို့ပင့်ဆောင်လာပြီး ဒါယကာ၊ဒါယိကာမတွေ ဖူးမြော်နေကြတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/62/62155ab82ef7b94a79060bcbbaf5dea9f0342a95.jpeg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးရဲ့ရုပ်ကလာပ်ကို ကျောင်းတိုက်သို့ပင့်ဆောင်လာပြီး ဒါယကာ၊ဒါယိကာမတွေ ဖူးမြော်နေကြတဲ့ ဗီဒီယိုဖိုင်

မနေ့က၊မနက်ပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် သာသနာ့ဝန်ကိုထမ်းရွက်နေကြတဲ့ဆရာတော်ဘုရားကြီးနှစ်ပါးလည်း ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။သက်တော်ရှည် မြို့မစျေးကုန်းကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကဝိသာရ ဆိုရင် သက်တော် (၉၅) နှစ်၊သိက္ခာတော် (၇၅)ဝါ ရှိပြီးနိုင်ငံတော်ဩဝါဒါစရိယဘွဲ့ကိုလည်း ရရှိထားတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးက နယ်လှည့်သာသနာပြုနေတာဖြစ်လို့ ဒါယကာ၊ဒါယိကာမတွေလည်း ပေါများလှပါတယ်။

https://s9.kh1.co/__image/w=650,h=902,q=100/d1/d1528f86c22421daeefddddac300c33fe02b6c16.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/63/63306ba06fb291545527f83f9312c74bc32099ac.jpeg

ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို အမှတ်(၂) တပ်မတော်ဆေးရုံကြီးကုတင် (၁၀၀၀) မှပျဉ်းမနားမြို့၊မြို့မစျေးကုန်းကျောင်းတိုက်သို့ ဒီနေ့ မနက်ပိုင်းမှာ ပင့်ဆောင်ခဲ့တာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိ စျာပနသဘင်ကို ၁၃၈၃ ခုနှစ်၊နယုန်လဆန်း (၅)ရက် (၁၄.၆.၂၀၂၁) ရက်၊တနင်္လာနေ့တွင် ကျင်းပမယ်လို့သာသနာရေးဦးစီးဌာနမှ သိရပါတယ်။သာသနာ့ဝန်ကို ထမ်းရွက်နေတဲ့ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားတဲ့အတွက် ပြည်သူလူထုကလည်း ဝမ်းနည်းနေကြရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/c4/c45b3fe4ea3d34a22443ad20b0168fc149ad1e6c.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/a5/a522d4b9d79bd03c08c1e41dd8859ffb44599a19.jpeg

အခုဆိုရင်တော့ ပျဉ်းမနားမြို့၊မြို့မစျေးကုန်းကျောင်းတိုက်မှာ ရောက်ရှိနေပြီဖြစ်တဲ့ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို သံဃာတော်တွေနဲ့ ဒါယကာ၊ဒါယိကာမတွေက ဖူးမြော်နေကြတာဖြစ်ပါတယ်။ဒီကာလမှာ စိတ်မကောင်းစရာသတင်းတွေကိုသာ ကြားနေရတာဖြစ်ပြီး ပြည်သူတွေလည်း နာကျင်ခံစားနေရတာပဲဖြစ်ပါတယ်။လေယာဉ်ပျက်ကျမှုကြောင့် ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ပြည်သူတွေလည်း ဖူးမြော်ရအောင်လို့ ဗီဒီယိုင်ဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။             

https://s9.kh1.co/__image/w=650,h=488,q=100/77/77fe904b1a96dd5de5d1113ce253b0b5d6775b22.jpeg

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T