လူဦးရေ ၆၀၀လောက် စစ်ဘေးရှောင်ကာခိုလှုံနေကြရတဲ့ တောတောင်ထဲမှမြင်ကွင်းပုံရိပ်တစ်ချို့

//s9.kh1.co/f9/f99120cd0bc1a9b94adbc27392df54904cf01304.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.

ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အခုလက်ရှိမှာဆိုရင်တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပေါ်နေပြီး အထိအခိုက်အကျအဆုံးများလာနေတယ်လို့သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေမှာလည်း နေရပ်ကိုစွန့်ခွာကာ တောတောင်ထဲတွေမှာသွားရောက်ခိုလှုံနေရပြီး ဆင်းရဲဒုက္ခတွေနဲ့တွေ့ကြုံခံစားနေကြရတာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့လည်း ရရာလက်နက်ဆွဲကိုင်ကာခုခံတော်လှန်နေကြပေမယ့် လက်နက်အင်အားမမျှတာကြောင့် ပြည်သူတွေရဲ့စည်းစိမ်ဥစ္စာတွေအထိပါ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးငယ်များနဲ့မြို့တွင်းထဲထိပါပစ်ခတ်မှုတွေကြောင့် လူနေအိမ်အများအပြားလည်းပျက်စီးရသလို ဘုရားကျောင်းတွေအထိပါ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာပါ။ ဒါ့ပြင်စစ်ဘေးရှောင်စခန်းတွေအထိပါ လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် ပြည်သူတွေအနေနဲ့ တောတောင်ထဲတွေအထိပါ သွားရောက်တိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုကာလကမိုးတွင်းကာလလည်းဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ တောတောင်ထဲတွေမှာ တာလဘတ်လေးတွေမိုးကာ ဖြစ်သလိုလေးနေနေကြရတာပါ။ ဒါ့ပြင်စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးပစ္စည်းတွေလည်း လုံလုံလောက်လောက်မရရှိတဲ့အတွက် သေဆုံးသွားကြရတဲ့ စစ်ဘေးသင့်ပြည်သူတွေလည်းရှိနေတာဖြစ်ပါတယ်။ တောတောင်‌တွေထဲမှာ ဆင်းရဲဒုက္ခခံစားရင်း စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့ ပုံရိပ်အချို့ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ် Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T