စစ်ဘေးရှောင်တွေကို ကူညီလှူဒါန်းပေးနေတဲ့ ပရဟိတသမားများ အခန့်မသင့်ရင် ထောင်ကျနိုင်ကြောင်းနဲ့ အန္တရယ်များလွန်းကြောင်းကို ပြောပြလာတဲ့ ဦးဇင်းတစ်ပါး

//s9.kh1.co/25/25f54ddf459221b904412f591778d088f5cdb10e.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ နယ်မြေခံတိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေအကြား ပြည််နယ်အချို့တွေမှာ နေ့စဥ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူများကလည်း တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိသလို စစ်ရှောင်စခန်းတွေမှာ သွားရောက် ခိုလှုံနေကြတာကို တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ နေ့စဥ် များလာတာနဲ့အမျှ သူတို့ရဲ့ နေထိုင်စားသောက်ရေးကလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒီလို စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို စေတနာရှင်တွေနဲ့ ပရဟိတအသင်းတွေကလည်း လာရောက် ကူညီထောက်ပံ့လှူဒါန်းပေးကြတာတွေ ရှိပါတယ်။ ဒါ့အပြင် ကူညီထောက်ပံ့တဲ့ ပရဟိရအသင်းတွေဘက်ကလည်း စစ်ရှောင်စခန်းတွေဆီကို အလှူပစ္စည်းတွေရောက်ရှိဖို့အရေး လမ်းမှာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို တချို့မှာ အဖမ်းရတာတွေလည်း ရှိတာတွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီလို ပရဟိတသမားတွေရဲ့ အခက်အခဲတွေ ကြုံတွေနေရတာတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ သီတင်းသုံးနေထိုင်ကာ စေတနာရှင်တွေရဲ့ လှူဒါန်းပေးမှုဖြင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့လှူဒါန်းပေးနေတဲ့ ဦးဇင်းတစ်ပါးက ဖွင့်ဟလာခဲ့ပါတယ်။ "အကျိုးဆောင်တွေအတွက် အန္တရာယ်များလွန်းလို့ ပုံတင်တဲ့အခါ အတတ်နိုင်ဆုံး မျက်နှာမပါအောင် တင်နေရတဲ့ ဘဝ.....အဖမ်းခံရလို့ ထောင်ကျတာ မကျတာက နောက် သေချာတာက အဖမ်းခံလိုက်ရရင် စစ်ဘေးရှောင်တွေကို ဆက်ကူမရ.....သူတို့နဲ့ ငြိရင် နိုင်ငံရေးနဲ့ငြိရင် ထောင်ချမယ်...ဘာမှမငြိ ပရဟိတသက်သက်ဆို ပြန်လွတ်နိုင်ပေမယ့် အလုပ်ပျက်တယ်.....အဲ့ဒါကြောင့် ပုံလေးတွေ အတတ်နိုင်ဆုံး ဖျက်တင်ရတယ်.....ရွာနာမည်တွေ မထည့်ပဲ တင်နေရတယ်" ဆိုပြီး ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T