မြန်မာနိုင်ငံအတွက် ခေါင်းတလားအလုံး(၁၅၀)လုံးကို လူမှုဂရုဏာအသင်းမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ကြတဲ့ ထိုင်းနိုင်ငံက အလှူရှင်များ

//s9.kh1.co/41/419b1dbaad920a82986b2e65c048474152300675.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

မြန်မာနိုင်ငံအတွက် ခေါင်းတလားအလုံး(၁၅၀)လုံးကို လူမှုဂရုဏာအသင်းမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ကြတဲ့ ထိုင်းနိုင်ငံက အလှူရှင်များ

မနေ့ညကတော့ ထိုင်းအလှူရှင်တွေ ခေါင်းတလားလှူဒါန်းလိုက်တဲ့ သတင်းတစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေးလူပြောများခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ၊ဗုံးပေါက်ကွဲမှုတွေကြောင့် လူမကြာခဏသေဆုံးနေတဲ့ အခုလိုအချိန်မှာ ထိုင်းအလှူရှင်တွေက အခေါင်းတွေလှူဒါန်းလိုက်တာကြောင့် နိမိတ်ကြိုဖတ်တဲ့သဘောလားဆိုပြီး ပြည်သူတွေက သို့လောသို့လောတွေထင်မှတ်နေကြကာ အခုလိုလူစိတ်ဝင်စားနေခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အမှန်တကယ်တော့ ထိုင်းနိုင်ငံက အလှူရှင်တွေဟာ မြန်မာနိုင်ငံဘက်ကို နှစ်စဥ်နှစ်တိုင်းခေါင်းတလားတွေလှူဒါန်းနေခဲ့တာပဲဖြစ်ပါတယ်။ ထန်းသီးကြွေခိုက် ကျီးနားခိုက်ဆိုသလို ယခုလိုအချိန်အခါနဲ့ အခေါင်းလှူဒါန်းလိုက်တဲ့သတင်းဟာ တိုက်ဆိုင်သွားခဲ့တာကြောင့် အခုလိုအထင်အမြင်လွဲမှားသွားခဲ့တာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်က အလှူရှင်တွေကတော့ အဆိုပါခေါင်းတလားအလုံး(၁၅၀)လုံးကို လူမှုဂရုဏာအသင်းမှာတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လူမှုဂရုဏာအသင်းက အဆိုပါခေါင်းတလားတွေကို တာချီလိတ်မြို့၊ ကွမ်ရင် တရုတ်ဘုံကျောင်းသို့ပေးပို့ပေးခဲ့ပြီး အဆိုမှတစ်ဆင့် တာချီလိတ် ၊တာလေ ၊မိုင်းဖြတ်မှ လူမှုကူညီရေးအသင်းတွေထံ ပေးပို့မှာပဲဖြစ်ပါတယ်။ လူမှုဂရုဏာအသင်းကတော့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်မှ မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ပို့ဆောင်ရာတွင် ကူညီပေးခဲ့တဲ့ လွယ်ဝေါင်း(ဦးအောင်ဇေယျ)ကျောင်းထိုင်ဆရာတော်နဲ့ အခေါင်းလှူဒါန်းလိုက်တဲ့ အလှူရှင်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။

Source  - Original Upload

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T