KNU နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ အာဏာရှင်လူတစ်စုနဲ့ ထိတ်တိုက် တိုက်ပွဲပြင်းထန်နေတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/69/690a64bf688d1cb0df4beff7e3d0f0e79d23552d.jpeg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.....

ဒီရက်ပိုင်းတွေမှာ ဆိုရင် မြန်မာနိုင်ငံရဲ့ တောင်တန်း ဒေသတွေမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေကြပြီး နေ့တိုင်းလိုလို တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပါတယ် ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့အစည်းက ရဲဘော်များကလည်း အတူပူးပေါင်းပြီး ပြည်သူတွေကို အစွမ်းကုန် ကာကွယ်ဖို့အတွက် အမြဲအသင့်ရှိနေတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

မိမိတို့ မြို့နဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် အန္တရာယ်များစွာကို အသက်နဲ့ရင်းပြီး ရင်ဆိုင်ခုခံနေကြတာလည်း ဖြစ်ပါတယ်။လူငယ်တွေက တောတောင်ထဲမှာ အနေအထိုင်၊ အစားအသောက် အဆင်မပြေကြပေမယ့်လည်း ရှိတာလေးတွေနဲ့သာ အားတင်းထားကြတာပါ ။ ဒါကြောင့်လည်း ပြည်သူတွေက သူတို့လေးတွေကို လိုအပ်တာတွေ ပံ့ပိုးပေးပြီး တိုက်ပွဲတိုင်း အောင်မြင်ကာ အန္တရာယ်ကင်းစေဖို့ ဆုတောင်းပေးနေကြတာပါ ။

Photo Credit - Original Upload
Photo Credit - Original Upload

တစ်ရက်ထက်တစ်ရက် တိုက်ပွဲတွေကတော့ ဖြစ်ပွားနေသလို တစ်ဖက်ကလည်း လူအင်အားတွေ တိုးချဲ့ကာ ပြင်းပြင်ထန်ထန် တိုက်ခိုက်နေတာပါ ။ အခုလည်း အာဏာရှင် လူတစ်စုဖက်ကနေပြီး KNU တပ်မဟာ (၂) နယ်မြေအတွင်းကို ကျူးကျော်ဝင်ရောက်လာတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ထိတ်တိုက် ဖြစ်ပွားနေတာကို ဗီဒီယိုထဲမှာ တွေ့မြင်ရမှာပါ ။ ပရိသတ်ကြီးအတွက် KNU နဲ့ အာဏာရှင်လူတစ် စုရဲ့ တိုက်ပွဲ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T