ပြည်သူလူထုကတော့ အခုချိန်မှာဆိုရင် ခက်ခဲနေသူတိုင်းကို စေတနာ၊မေတ္တာအပြည့်နဲ့ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ဒီကာလမှာ လူသားချင်းစာနာထောက်ထားမှုအပြည့်ရှိကြပြီး အရာရာကို တစ်စိတ်တစ်ဝမ်းတည်းရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဇွန်လ (၇) ရက်နေ့ညက ကားတိုက်မှုကြောင့် ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့သူတွေအတွက်လည်း ပြည်သူတွေက ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းနေကြတာဖြစ်ပါတယ်။သေဆုံးသွားတဲ့ထဲမှာ (၁၆) နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ မိဘနှစ်ပါးလုံးပါဝင်နေတာဖြစ်ပါတယ်။


ကျောင်းတောင်မပြီးသေးဘဲ မိဘတွေကိုအားကိုးနေရဆဲဖြစ်တဲ့ ကောင်လေးအတွက် ပြည်သူလူထုကလည်း စိတ်ထိခိုက်နေရတာဖြစ်ပါတယ်။ဒါ့ကြောင့် ကလေးရဲ့ဘဝရှေ့ရေးအတွက် တတ်နိုင်သလောက်ကူညီပေးဖို့ စေတနာရှင်တစ်ဦးက ဦးဆောင်ပြီး အလှူငွေကောက်ခံခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကလည်း အလှူငွေတွေပါဝင်လှူဒါန်းကြပြီး ကလေးအတွက် တစ်တပ်တစ်အားကူညီဖေးမပေးကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ (၁၆) နှစ်အရွယ် လူငယ်လေးလည်း အားတင်းပြီး ရှေ့ဆက်လျှောက်လှမ်းနေတာဖြစ်ပါတယ်။



ပြည်သူတွေကတော့ မသေသင့်ဘဲ သေခဲ့ရတဲ့သူတွေအတွက် တရားမျှတမှုရပါစေ ဆိုပြီးတော့လည်း ဝိုင်းဝန်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ စေတနာရှင်တစ်ဦးက အလှူငွေကောက်ခံထားလို့ ရရှိလာတဲ့ငွေကြေးအားလုံးကို ကလေးနဲ့တွေ့ဆုံပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။အခုလိုလှူဒါန်းပေးကြတဲ့ အလှူရှင်တစ်ယောက်ချင်းစီကို ကလေးကလည်း ကျေးဇူးတင်စကားပြောလိုက်သေးတာဖြစ်ပါတယ်။မိဘနှစ်ပါးလုံးကိုတစ်ပြိုင်တည်းဆုံးရှုံးလိုက်ရတဲ့ ကလေးကို ဝိုင်းဝန်းကူညီပေးကြတဲ့ ပြည်သူတွေရဲ့စေတနာကို ပီတိဖြစ်မိရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source&Photo Credit: Original Uploder