လေယာဉ်ပျက်ကျမှုကြောင့် ပျံလွန်တော်မူသွားသော ဆရာတော်နှစ်ပါးရဲ့ရုပ်ကလပ်တော်များအား နေပြည်တော် ကုတင်(၁၀၀၀) ရေခဲတိုက်သို့ ပြောင်းရွှေ့ပို့ဆောင်

//s9.kh1.co/92/9278685ba5e60b324106945f930506847a760e12.jpeg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

.

​မနေ့က မနက်တွင် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်အနီးတွင်လေယာဉ်ပျက်ကျမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိုလေယာဉ်ပျက်ကျမှုတွင် (၁၂) ယောက်လုံး ပွဲချင်းပြီး ကွယ်လွန်သွားခဲ့ပြီး နှစ်ဦးသာ  ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချင်းပြီးကွယ်လွန်သွားသူများထဲတွင် ဆရာတော် (၂) ပါးလည်း ပါဝင်ခဲ့ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဆရာတော် (၂) ပါးဟာ အလှူရှင်ရဲ့ပင့်ဖိတ်မှုကြောင့် ပြင်ဦးလွင်ကျောင်းရှိ စာသင်တိုက်တစ်ခုအား ပန္နက်တင်မဟာအခမ်းအနားကျင်းပဖို့အတွက် ထွက်ခွာရင်း လမ်းခုလတ်တွင်  ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့်  လေယာဉ်ပျက်ကျခဲ့ရတာ ဖြစ်ပါတယ်။ ဆရာတော်တစ်ပါးမှာ သက်တော် (၉၈) နှစ်ရှိပြီဖြစ်ပြီး သာသနာရေးဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးတွေမှာလည်း အမြင့်ဆုံးဆိုတဲ့ " အဘိဓဇ မဟာရဋ္ဌဂုရု " ဂုဏ်ထူးဘွဲ့ထူးရှင်တစ်ပါး ဖြစ်ပါတယ်။ တန်ဖိုးရှိလှတဲ့ ဆရာတော်နှစ်ပါးလုံး ပျံလွန်တော်မူသွားတဲ့အတွက် ပြည်သူများအားလုံး ဝမ်းနည်းပူဆွေးနေကြရတာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မနေ့ည (၈) နာရီအချိန်တွင် ဆရာတော်နှစ်ပါးရဲ့ ရုပ်ကလပ်တော်များအား ပြင်ဦးလွင်မှ နေပြည်တော် ကုတင်(၁၀၀၀) ရေခဲတိုက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့မနက် (၉) နာရီတွင် မြို့မဈေးကုန်းဆရာတော်ရဲ့ ရုပ်ကလပ်ကို ဈေးကုန်းကျောင်းတိုက်သို့ ပင့်ဆောင်မှာ ဖြစ်ပါတယ်။ ဈေးကုန်းဆရာတော်ကြီးရဲ့ အန္တိမဈာပနအခမ်းအနားကိုတော့ ဇွန်လ (၁၄) ရက် ၊ တနင်္လာနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ ပျံလွန်တော်မူသွားသော ဆရာတော်နှစ်ပါးလုံး မြင့်မြတ်တဲ့ ဘုံဘဝသို့ ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T